သတင်းများ

တနိုင်းမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး
Jan 29,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း (၉၅)ဦးအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး COVISHIELD ကို ယမန်နေ့နေ့လည်(၁၁)နာရီကစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံတက် လူနာစောင့်များအား ကျန်းမာရေး အသိပညာပေး ဟောပြော
Jan 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ဆးရုံတွင် ဆေးရုံတက် လူနာစောင့်များအား သွေးတိုးရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်၊ ကျန်းမာရေး အသိပညာရရှိစေရန် ရည်ရွယ်ပြီး ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့ ပြည်သူ့ဆးရုံ လူနာစောင့်ခန်းမတွင် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထပ်တိုး ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Jan 29,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ် လျက်ရှိရာ ထပ်တိုးထောက်ပံ့ငွေအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်လေးသောင်း စီ ထောက်ပံ့ပေးအပ်မှုများအား ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြို့နယ် အတွင်းရှိ ရပ်ကွက်များတွင် ယမန်နေ့ နံနက်ပိုင်းက အခြေခံ လူတန်းစားအိမ်ထောင်စုများအား ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဓမ္မာရုံများတွင် လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုး အိမ်ထောင်စုသို့ နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများပေးအပ်
Jan 29,2021
ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ထောက်ပံငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
လပွတ္တာမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း(၄၂၇)ဦးအား (ပထမ)အသုတ်၊ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းစတင် ဆောင်ရွက်
Jan 29,2021
ဧရာတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်း(၄၂၇)ဦးအား ကုတင်(၂၀၀) ပြည်သူ့ဆေးရုံ အစည်းအဝေးခန်မတွင် ယနေ့နံနက် ၉ နာရီမှစ၍ (ပထမ)သုတ် အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းအား စတင်ဆောင်ရွက် လျက်ရှိကြောင်း လပွတ္တာခရိုင် ကုတင်(၂၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာ အိသန္တာထွေးထံမှ သိရသည်။
ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် (ကြီးကြပ်ရေးမှူးများ) စတင်ရွေးချယ်
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ အုပ်ချုပ်ရေးမှူး များ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ခြင်းကို ဌာနဆိုင်ရာ (အကူအညီ ပေးရေးအဖွဲ့များ) သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တာဝန်ပေးအပ်ချက် အရ အုပ်စု(၈)စု ဖွဲ့၍ ရပ်ကွက်(၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၈)အုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်နေကြကြောင်း သိရသည်။
အလျင်လိုကျေးရွာ မျက်ဝန်းသစ်စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆွေးနွေးပွဲပြုလုပ်
Jan 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အလျင်လိုကျေးရွာရှိ မျက်ဝန်းသစ် စာကြည့်တိုက်အတွင်း၌ ကျင်းပ ခဲ့သည်။
မရမ်းကုန်းမြို့နယ်အတွင်း ပုံ​မှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၄၂၂၉)စု အား ထောက်ပံ့ငွေများပေးအပ်
Jan 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိ သော အခြေခံ လူတန်းစားအိမ်ထောင်စု(၁၄၂၂၉)စုအတွက် ထောက်ပံ့ငွေ (၄၀၀၀၀)ကျပ်နှုန်း ကွင်းဆင်းစိစစ် ပေးအပ်ခြင်းအား ယမန်နေ့ နံနက် ၈ နာရီအချိန်၌ ဆောင်ရွက်ခဲ့သည်။