ကမာရွတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ကမာရွတ်  ဇန်နဝါရီ ၂၉

ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ကမာရွတ်မြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္တအကြိမ် ထပ်တိုးထောက်ပံ့ငွေပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူတို့သွား​ ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ကြေးငွေပေးအပ်ရာတွင် တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်း ၁ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့ပြီး ထောက်ပံ့ငွေ မရရှိသေးသည့် ရပ်ကွက် ၁၀ ရပ်ကွက်မှ  အိမ်ထောင်စု(၁၄၆၈)စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၄၀၀၀ဝိ /နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၅၈၇၂၀၀၀ဝိ / ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)