ဆားလင်းကြီးမြို့၌ အားကစားရုံသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ဆားလင်းကြီး ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် အားကစားရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၈) နာရီက အဆိုပါ အားကစားရုံ အဆောက်အဦသစ်ရှေ့၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးအောင်အောင်နှင့် ဦးကိုကိုအောင်၊ တိုင်းဒေသကြီး အားကစားနှင်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ယင်းမာပင်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးဆန်းမြင့်တို့က ဖတ်ကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဆားလင်းကြီးမြို့နယ် အားကစားရုံသစ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံ ငွေကျပ်(၂၆၁.၁၀၀)သန်းအကုန်ကျခံကာ ပြည်ကမ္ဘာကျော်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွန်းကိုကို(တိုင်းဒေသကြီး ပြန်/ဆက်)