ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်

ဖားဆောင်း  ဇန်နဝါရီ  ၂၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်း များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၇)နာရီအချိန် က မော်ချီးကျေးရွာအုပ်စုတို့၌ လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီနီထွေး နှင့် ဝန်ထမ်းများက အများပြည်သူ အလွယ်တကူ သိရှိရမည့် ကိုဗစ် - ၁၉ ရောဂါ လက္ခဏာများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်း များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို ပြည်သူများ အလေးထားလိုက်နာ နေထိုင်စေရေးနှင့် ရာသီဉတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်နိုင် သည့် ဆောင်ရန်ရှောင်ရန် နည်းလမ်းများကို  ​မော်ချီး​ကျေးရွာအုပ်စုရှိ မော်ချီး တောင်ပေါ်ရွာ၊ မော်ချီးအောက်ရွာ၊ အနာဂတ် အလင်းတန်းကျေးရွာ၊ ရေပူကျေးရွာ၊ လွယ်ပွာခို ကျေးရွာ၊ လိုခါးလိုကျေးရွာ၊ အောင်ချမ်းသာရပ်ကွက်တို့တွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် လိုက်နာဆောင်ရွက်နိုင်စေရန် လိုက်လံနှိုးဆော်ပေးခဲ့ကြကြောင်း သိရ သည်။

နန်းသဲနုအောင်(ဖားဆောင်း)