လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း နွေရာသီနှင့် မိုးရာသီဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း

လှိုင်သာယာ(အရှေ့ပိုင်း) ၊ ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ဓာတ်အားရယူထားသော 33kv လှိုင်သာယာ−ကျန်စစ်မင်း(၁)ဖီဒါနှင့် 33kv လှိုင်သာယာ− ကျန်စစ်မင်း(၂)ဖီဒါတို့အား လိုင်းအပြစ်ကြိမ် လျော့နည်းကျဆင်းစေရေး နှင့် ဓာတ်အားလိုင်း ကြံ့ခိုင်မှုရှိစေရန်အတွက် သစ်ပင်၊ သစ်ကိုင်း ခုတ်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာယီဓာတ်အား ပိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီ ဓာတ်အားပြတ် တောက်မည့် နေရာများမှာ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်ဇေယျ၊ ထီးလှိုင်ရှင်၊ ကျန်စစ်သား၊ ဝန်ထမ်းကြီးများ အိမ်ရာတို့အား လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် အတွက် လမ်းဘေးဝဲယာ ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင် ရှင်းလင်းခြင်းကို မြို့တော်စည်ပင်ပန်းဥယျာဉ်ဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်လျှပ်စစ် ဝန်ထမ်း များက ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် ၂၀၂၀−၂၀၂၁ ဘဏ္ဏာနှစ်အတွင်း နွေရာသီနှင့် မိုးရာသီကာလ ပြည်သူများ လျှပ်စစ်အန္တာရာယ် ကင်းဝေးစေရေး၊ ဓါတ်အားလိုင်း ပြတ်တောက်ခြင်းများ မဖြစ် ပေါ်စေရေး၊ လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက်  ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရ သည်။

မြို့နယ်(ပြန်/ဆက်)