မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးရုပ်ပုံနှင့် Mask တပ်ပါ ဆိုင်းဘုတ်ပြသထားရှိ

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၉

လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်  စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က အသိပညာပေးရုပ်ပုံနှင့်  Mask တပ်ပါဆိုင်ဘုတ်အား ၁၁ လမ်း၊ လူစည်ကားရာ နေရာတွင် ထားရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးရုပ်ပုံအား မြို့နယ်စည်ပင်သာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမင်းဇော်မှ ပြည်သူများ စည်းကမ်း လိုက်နာစေရန် ရည်ရွယ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန် သရုပ်ပြသ ထားရှိခြင်းဖြစ်ကြောင်း လူစည်ကားရာနေရာတွင် ထားရှိခြင်းဖြင့် ပြည်သူများ အမြဲမြင်တွေ့နေရ၍ masks များ တပ်ဆင်ရန်မေ့လျော့မှု့ မရှိတော့ပဲ စည်းကမ်းတကျ တပ်ဆင် သွားလာကြရန် ထားရှိခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

မြို့နယ်စည်ပင်သာရေး အဖွဲ့အနေဖြင့် မြို့မစျေးကြီးမှာလည်း စျေးသူစျေးသားတွေ Mask တပ်ကြဖို့ကိုလည်း အသိပညာပေး လုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု့ ယနေအထိ (၅၂၂)ဦးရှိပြီး ရောဂါ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ(၅၀၄)ရှိပြီး ဆေးရုံတွင် ကုသဆဲလူနာ(၁၃)ဦးသာ ကျန်ရှိပြီး(၅)ဦး သေဆုံးကြောင်း သိရသည်။

သီတာအောင် (ပြန်/ဆက်)