ပွင့်ဖြူမြို့နယ် မြောက်မုန်းမြောင်းမကြီးတွင် သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်ပြီးစီး
Jan 29,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးကျေးရွာမှ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာ နိုင်ရေးအတွက် ကျေးရွာအနီးရှိ မြောက်မုန်းမြောင်းမကြီးတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတားတစ်စင်း အကောင် အထည်ဖော် တည်ဆောက်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။