သတင်းများ

ခါမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာအနီးရှိ နတ်တောင်ပေါ်သို့ လာရောက်သူများပြား
Jan 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာအနီးရှိ နတ်တောင်ထိပ်သို့ လာရောက် အပန်းဖြေ လည်ပတ်သူများ များပြားလာကြောင်းသိရသည်။
မက်မန်းမြို့၌ မြေထိန်းနံရံ ဆောက်လုပ်မည့်မြေနေရာ ပန္နက်တင်မြေသန့်မင်္ဂလာ အခမ်းအနားဆောင်ရွက်
Jan 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ပြန်ဆက်ရုံး မြေထိန်းနံရံ ဆောက်လုပ်မည့် မြေနေရာ ပန္နက်တင်မြေသန့်မင်္ဂလာ အခမ်းအနားကို ပြန်/ဆက်ရုံး မြေထိန်းနံရံ ဆောက်လုပ်မည့် မြေနေရာတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့
Jan 29,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား ထပ်တိုး အိမ်ထောင်စုများ နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများ ကို ယမန်နေ့က မယ်စဲ့မြို့ပေါ် ရပ်ကွက်(၂) ရပ်ကွက်၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာများသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခဲ့ ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 29,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်‌ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး တာဝန်ရှိသူများက ယမန်နေ့က ဝမ်ကန်ကျေးရွာ ဘုန်းကြီး ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူနာစောင့် များနားနေဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြစိမ်း​ရောင်​ကျေးရွာများအား ရန်ပုံ​ငွေလွှဲပြောင်း​ပေးအပ်ပွဲနှင့် သုံးသပ်​ဆွေး​နွေးပွဲ အခမ်းအနား ပြုလုပ်
Jan 29,2021
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာ​ရေးနှစ်တွင် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်မည့် မြစိမ်း​ရောင်​ကျေးရွာ (၂)ရွာ အား ရန်ပုံ​ငွေလွှဲပြောင်း​ပေးအပ်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာ​ရေးနှစ်အတွင်း ​​ဆောင်ရွက်ပြီးစီးခဲ့သည့် ​ကျေးရွာ(၉)ရွာအား သုံးသပ်​ဆွေး​နွေးခြင်း အခမ်းအနားကို ယမန်​နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး အစည်းအ​​ဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။