သနပ်ပင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေရေးဆွဲနည်း (AVIP) သင်တန်းပို့ချ

သနပ်ပင် ဇန်နဝါရီ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေရေးဆွဲနည်း (AVIP) သင်တန်းပို့ချခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က သနပ်ပင်မြို့နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အအခြေပြုဗဟို ဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (AVIP) သင်တန်းပို့ချရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သင်းသင်းအောင် မှ သင်တန်းဖွင့်လှစ်ရခြင်းမှ ကျေးရွာစီမံကိန်း အကောင်အထည် ဖော်မည့်နည်းလမ်း၊ လုပ်ငန်းလည်ပတ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ငွေကြေးဆိုင်ရာ အစီအစဉ်များ၊ ကျေးရွာထည့်ဝင်မှုရရှိအောင် ဆောက်ရွက်မည့် နည်းလမ်းများ၊ စီမံကိန်း‌ကြောင့် လူမှုရေးဆိုင်ရာ အကျိုး သက်ရောက်မှုများနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိခဲ့ရင် ကြိုတင်ကာကွယ်ရေး နည်းလမ်းစသည့် အချက်အလက်များ ရှင်းလင်း ပို့ချပြီး တက်ရောက်လာသော ကျေးရွာစီမံကိန်းကော်မတီဝင်များ က မိမိတို့လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်း ပိုင်း ဆိုင်ရာ များနှင့် နည်းလမ်းများကို ပြန်လည်မေးမြန်း ဆွေးနွေးတင်ပြခဲ့ကြသည်။

(AVIP) သင်တန်း ပို့ချရခြင်းသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ တိုးမြှင့် ဆောင်ရွက်ရာတွင် လုပ်ငန်းကျွမ်းကျင် မှုရှိခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်၍ သတ်မှတ်ကာလထက်‌စော၍ ပြီးစီးခြင်းစသည့် ရည်ရွယ်ချက် များဖြင့် ပြုလုပ်ရ ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပြီး သင်တန်းသို့ ‌ကျေးရွာကော်မတီဝင် သင်တန်းသား သင်တန်းသူ (၄၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။

လှမိုး(သနပ်ပင်)