သတင်းများ

ငါန်းဇွန်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်လှစ်
Jul 24,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအား‌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်(TOT)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာ၀န်ကြီး ဦးဗိုလ်ဌေး မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအား လာရောက်ကြည့်ရှုစစ်ဆေး
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအား တိုင်းဒေသကြီး လူမှုရေးရာ၀န်ကြီးနှင့် တာ၀န်ရှိသူများ လိုက်ပါ၍ ယနေ့နံနက် ၁၀ နာရီအချိန် လာရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ
Jul 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။
ရွှေဘိုမြို့၌ KG ကျောင်းသားကလေးငယ်များအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်
Jul 24,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုကယ်လိုရီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၁)နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲ၊ ဘိုင်အိုချာပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲ၊ စိုက်ပျိုးရေးအရောင်းဆိုင် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အစိုးရသစ်၏ ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းအစီအမံဖြင့် ဓာတ်‌မြေဩဇာသုံးစွဲမှုလျှော့ချရေး၊ တောင်သူနည်းပညာပေးဆွေးနွေးပွဲနှင့် ဘိုင်အိုချာပြုလုပ်သုံးစွဲနည်း အသိပညာပေးခြင်းများနှင့် စိုက်ပျိုးရေးအရောင်းဆိုင်များ စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ဆောင်ရွက်ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး Mobile TB Teams အဖွဲ့မှ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား တီဘီရောဂါကွင်းဆင်းရှာဖွေကုသခြင်း ဆောင်ရွက်
Jul 24,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် တီဘီရောဂါကင်းဝေးပပျောက်ရေး၊ လူတိုင်းသက်တမ်းစေ့နေထိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မကွေးတိုင်းဒေသကြီး Mobile TB Teams မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မျိုးဦး ခေါင်းဆောင်သော အဖွဲ့သည် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးဝ​ဏ္ဏ​​ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းပြီး ဇူလိုင် ၁၉ ရက်နေ့မှစတင်၍ တီဘီရောဂါကွင်းဆင်းရှာဖွေကုသခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့၌ မြို့နယ်တိုင်းရင်းဆေးကုသဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသခြင်း လုပ်ငန်းများဆောင်ရွက်
Jul 24,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ယနေ့ နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့ အမှတ်၂ ရပ်ကွက်ဓမ္မာရုံအတွင်း၌ ဆေးကုသခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။