သတင်းများ

ငပုတောမြို့နယ်၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ထွက်ပြေးလွတ်မြောက်လာသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Dec 24,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ထွက်ပြေးလွတ်မြောက်လာသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကန့်ဘလူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ်ကပ်ထားကြေညာ
Dec 24,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ တတိယအကြိမ် ကပ်ထားကြေညာပေးရာ မဲဆန္ဒရှင်ပြည်သူများ မိမိတို့အမည် ပါရှိခြင်းရှိမရှိကို လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကျေးရွာများ၏ ဝင်ငွေတိုးပွားရေး ကဏ္ဍရန်ပုံငွေပြန်လည်ပေးအပ်ခြင်းပြုလုပ်
Dec 24,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍအရင်းနှင့် အတိုးများလွှဲပြောင်းအပ်နှံခြင်းနှင့် ရန်ပုံငွေပြန်လည်ပေးအပ်ခြင်းကို ယ‌မန်နေ့ နံနက် (၈) နာရီက စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးမျိုးမင်းထွန်း၊ သထုံခရိုင်ဦးစီးမှူးဒေါ်သင်းသင်းဆင့်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများကကျေးရွာ (၅) ရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့သည်။
သထုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေး မဲဆန္ဒရှင် စာရင်းများ (တတိယအကြိမ်) ကပ်ထားကြေညာ
Dec 24,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ (တတိယအကြိမ်) ကပ်ထားကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်နှင့်‌ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်၌ လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Dec 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
တီးတိန်မြို့၌ ခရစ္စမတ်အကြို မတ်ဆုံစားပွဲပြုလုပ်ကျင်းပ
Dec 24,2025
ချင်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် တီးတိန်မြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များနှင့် မြို့မိမြို့ဖများ ခရစ္စမတ်မိတ်ဆုံစားပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့ လူငယ်စင်တာ(Youth Centre)တွင် အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်း (၂/၂၀၂၅) တတိယနေ့ ဖွင့်လှစ်သင်ကြား
Dec 24,2025
ကရင်ပြည်နယ်၊ ဘားအံမြို့ လူငယ်စင်တာ(Youth Centre)တွင် အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှ စ၍ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းတတိယနေ့အဖြစ် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။