ငါန်းဇွန် ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်(TOT)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ စုစုပေါင်းအင်အား ၆၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးအောင်သီဟမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းကို ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်အထိ သင်တန်းကာလ ၂ ရက် ပို့ချသင်ကြားသွားမည်ဖြစ်ပြီး မြို့နယ်ဥပဒေအရာရှိ ဦးအောင်သီဟမှ သိသင့်သိထိုက်သည့် ဥပဒေများ၊ နည်းဥပဒေများကို သင်တန်းသား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ၄၀ တို့အား ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)