မြောက်ဥက္ကလာပ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအား တိုင်းဒေသကြီး လူမှုရေးရာ၀န်ကြီးနှင့် တာ၀န်ရှိသူများ လိုက်ပါ၍ ယနေ့နံနက် ၁၀ နာရီအချိန် လာရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာ၀န်ကြီး ဦးဗိုလ်ဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့ လိုက်ပါ၍ တာ၀န်ရှိသူများနှင့် အတူ (က) ရပ်ကွက်၊ မေယုလမ်းရှိ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး၊ ဘက်စုံခန်းမတည်ဆောက်မည့်နေရာနှင့် စာသင်ခန်းများအား ကြည့်ရှုစစ်ဆေးရာ တာ၀န်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး လိုအပ်သည့်များမှာကြားခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)