ဆင်ပေါင်ဝဲမြို့၌ မြို့နယ်တိုင်းရင်းဆေးကုသဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသခြင်း လုပ်ငန်းများဆောင်ရွက်

ဆင်ပေါင်ဝဲ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ယနေ့ နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့ အမှတ်၂ ရပ်ကွက်ဓမ္မာရုံအတွင်း၌ ဆေးကုသခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးကုသခြင်းလုပ်ငန်းများကို မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးငြိမ်းချမ်းစိုးနှင့်ဝန်ထမ်းက အဆိုပါရပ်ကွက်ရှိ ပြည်သူများအားရောဂါလက္ခဏာများကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာရောဂါများအလိုက် တိုင်းရင်းဆေးသောက်ဆေးများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)