သတင်းများ

ကျောက်ဆည်ခရိုင်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတာ်အကြို ပြိုင်ပွဲများအဖြစ် ကျပန်းစကားပြောနှင့် စာစီစာကုံးပြိုင်ပွဲများ  စတင်ကျင်းပ
Nov 05,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများအဖြစ် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာနတွင် အောက်တိုဘာ (၅) ရက် နံနက်(၉)နာရီက စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသတွင် မိုးစပါးစိုက်ခင်းများ စတင်ရိတ်သိမ်း
Nov 05,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသနေပြည်သူများမှာ ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံများကို စတင်ရိတ်သိမ်း နေကြပြီဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုများပြား
Nov 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေသို့ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလဖြစ်​သော နို၀င်ဘာလ(၁)ရက်​နေ့မှ (၄)ရက်​နေ့အထိ ပြည်တွင်းခရီးသွားဧည့်သည် (၁၀၈၀၉) ဦး၊ ပြည်ပခရီးသွားဧည့်သည် (၄၅၉) ဦး၊စုစု​ပေါင်း (၁၁၂၆၈) ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဓနုဖြူမြို့နယ်၌ နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓဆင်းတုတော်များ မြို့တွင်းသို့ အပူဇော်ခံကြွချီ
Nov 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၌ နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓဆင်းတု တော်များမြို့တွင်းသို့ အပူဇော်ခံကြွချီခြင်းနှင့် ဆရာတော်သံဃာတော်များအန္တရာယ်ကင်းပရိတ်ရွတ်ဖတ် အပူဇော်ခံကြွချီခြင်းကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက မြို့တွင်းသို့ လှည့်လည်အပူဇော်ခံကြွချီခဲ့သည်။
ညောင်တုန်းမြို့တွင် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှ လပြည့်ကျော် (၁)ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ကျောင်းကုန်းမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ည ဘုရားဖူးပြည်သူများဖြင့်စည်ကား
Nov 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့ကျက်သ‌ရေဆောင် မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီး၊ ရှေးဟောင်းသမိုင်းဝင် မိုဃ်းကောင်းဘုရားကြီးနှင့် သုခပြည့်စုံဘေးရန်လုံစေတီတို့တွင် ယမန်နေ့ တန်ဆောင်မုန်းလပြည့်နေ့ည ဘုရားစေတီပုထိုးများ၌ ဆီမီးထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။
နတ်မောက်မြို့၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Nov 05,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ (၁၁၄)ကြိမ်မြောက်မဟာဘုံကထိန်ပွဲတော် ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချတရားနာယူပွဲကျင်းပ
Nov 05,2025
ပျော်ဘွယ်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၈)ရက်နေ့မှ စတင်ကျင်းပခဲ့သည့် မြို့နယ်လုံးဆိုင်ရာ (၁၁၄)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်တွင် ကထိန်သင်္ကန်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ် လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူခြင်းကို နိုဝင်ဘာလ(၄)ရက်နေ့ မွန်းတည့်(၁၂)နာရီက မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တော်တွင် ကျင်းပသည်။