သတင်းများ

နောင်မွန်းမြို့နယ်၌လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 24,2026
‎ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များအသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ ဗလငါးတန်ပြည့် ဝလာပြီး အနာဂတ်မျိုးဆက်သစ် ကောင်းများနှင့်လူသားအရင်း အမြစ်များ ပေါ်ထွန်းလာစေရန်ကချင်ပြည်နယ်၊ပူ တာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၁၀နာရီချိန်ကရပ်‌ ဘော့ကျေးရွာအခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော် ကျင်းပ
Jul 24,2026
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ (၂၄) ရက်နေ့ နံနက်ပိုင်းက ကော့မုပွန်ကျေးရွာ လှေဆိပ်၌ ကျင်းပခဲ့ရာ တက်ရောက်လာကြသူများမှ မာလာလူးကား (၁၀၀) ပင်၊ ဗြူးခြေထောက် (၁၀၀) ပင် စုစုပေါင်း ဒီရေတောပင် (၂၀၀) စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ ကျေးလက်လူနေမှုဘဝဖွံ့ဖြိုးတိုးတတ်စေရန် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jul 24,2026
တိုင်းဒေသကြီး၊ ပြည်နယ်ခရိုင်၊ မြို့နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ လူငယ်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ (Public Talk) ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင် ယနေ့နံနက် (၉) နာရီက ကျေးလက်‌ဒေသဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့် (Public Talk) ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပခဲ့သည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်- မန္တလေးဘဏ်ခွဲ ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပ
Jul 24,2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မန္တလေးဘဏ်ခွဲအဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနား ကို ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက မန္တလေး ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၈၄ လမ်း၊ ၂၉×၃၀ ကြားရှိ အဆိုပါ မြေနေရာတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေး၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှုး ဦးအောင်ဆန်းထွန်း၊ မန္တလေးဘဏ်ခွဲတာဝန်ခံ၊ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်သီသီအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၆)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်မြင့်၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီရိအောင် နှင့်အဖွဲ့၊ ဘဏ်ခွဲမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်များ တက်ရောက်ကြသည်။
ကျောက်မဲ၌ ကျောင်းသား၊ ကျောင်းသူ ၃၉ ဦးအား ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ကတ်ပြားများ ထုတ်ပေး
Jul 24,2026
ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ရက်(၁၀၀) "လမင်း" စီမံချက်ဖြင့် ယနေ့တွင် ရပ်ကွက်(၇)ရှိ အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric (UID) ဇီဝအချက်အလက် ကောက်ယူခြင်း လုပ်ငန်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
သထုံမြို့နယ် ညောင်ချောင်း အခြေခံပညာအထက်တန်းကျောင်း၌ ငှက်ပျောပင်များ စုပေါင်းစိုက်ပျိုး
Jul 24,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ညောင်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေရေး အထောက်အကူပြု အာဟာရဖြည့်စွက်စာ ငှက်ပျောသီးကျွေးမွေးနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဒေသမျိုးငှက်ပျောပင်များကို ကျောင်းဝင်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဒလမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချပေးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များပူးပေါင်း၍ ပြည်သူများအား စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာများတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ခန္တီးမြို့၊ စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ခန္တီးမြို့ပေါ်ရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲ တက်ရောက်
Jul 24,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခန္တီးခရိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် ခန္တီးမြို့နယ်၊ ပေါမိုင်းအုပ်စု၊ အောင်သာကျေးရွာ၊ ကွင်းအမှတ် - ၄ တွင် ကျင်းပပြုလုပ်သည့် ဒေသခံတောင်သူများအား စပါးမျိုးစေ့နှင့် ဆေးဖျန်းပုံးများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။