ကလေးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ အမျိုးသမီးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 25,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရေးရာနှင့် ကျန်းမာရေးဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ အိုင်းစတိုင်းကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။