မကွေးမြို့၊ တိုင်းပြည်သူ့ဆေးရုံကြီး၌ ဆေးဘက်ကျွမ်းကျင် (၃) (ဓါတ်မှန်) (၆) လသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Nov 06,2025
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး၊ ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်) (၆) လ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ် တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊သူနာပြုဆရာမကြီးများ၊ ဓါတ်မှန်ဌာနမှ သင်တန်းဆရာများနှင့် ဆေးဘက်ကျွမ်းကျင် (၃) (ဓါတ်မှန်) (၆) လ သင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြသည်။