သထုံမြို့နယ် ညောင်ချောင်း အခြေခံပညာအထက်တန်းကျောင်း၌ ငှက်ပျောပင်များ စုပေါင်းစိုက်ပျိုး

သထုံ ဇူလိုင် ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ညောင်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေရေး အထောက်အကူပြု အာဟာရဖြည့်စွက်စာ ငှက်ပျောသီးကျွေးမွေးနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဒေသမျိုးငှက်ပျောပင်များကို ကျောင်းဝင်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

စုပေါင်းစိုက်ပျိုးရာတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေး၊ အ.ထ.က (ညောင်ချောင်း) ကျောင်အုပ်ဆရာကြီး ဦးဟိန်းထွဋ်လင်းတို့ ဦးဆောင်သည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဒေသမျိုးဖီးကြမ်းနှင့် သီးမွှေးငှက်ပျော ပျိုးပင်ပေါင်း ၃၀၀ အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါငှက်ပျောစု‌ပေါင်းစိုက်ပျိုးခြင်းကို သထုံမြို့နယ်အတွင်း စိုက်ပျိုးမြေရှိသည့် အခြေခံပညာကျောင်းများ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)