မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်- မန္တလေးဘဏ်ခွဲ ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပ

မန္တလေး ဇူလိုင် ၂၄

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မန္တလေးဘဏ်ခွဲအဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၈၄ လမ်း၊ ၂၉×၃၀ ကြားရှိ အဆိုပါ မြေနေရာတွင် ကျင်းပရာ တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထွန်း၊ မန္တလေးဘဏ်ခွဲတာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်သီသီအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၆)မှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်သဇင်မြင့်၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီရိအောင်နှင့်အဖွဲ့ ဘဏ်ခွဲမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်များ တက်ရောက်ကြသည်။

ဦးစွာ မင်္ဂလာအချိန်တွင် တိုင်းဒေသကြီးဝန်ကြီး ဦးသိန်းဌေး၊  ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဘဏ်ခွဲတာဝန်ခံတို့က သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တင်ပေးကြပြီး အမွှေးနံသာရည်များ ပက်ဖျန်းကြသည်။

ထို့နောက် အဆောက်အဦးအထူးအဖွဲ့(၆)၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်မြင့်က အဆောက်အအုံဆောက်လုပ်ခြင်း၊ ရေ၊ မီး၊ မိလ္လာနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး‌နောက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထွန်း ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ မန္တလေးဘဏ်ခွဲသည် အလျား ၄၅ ပေ၊ အနံ ၃၄ ပေရှိပြီး RC Structure ငါးထပ် အဆောက်အဦဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း