ဒလမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချပေးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒလ ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များပူးပေါင်း၍ ပြည်သူများအား စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာများတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါစားအုန်းဆီ‌ရောင်းချနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စားအုန်းဆီရောင်းချရာတွင် စျေးတင်ရောင်းချနေမှုများ ရှိ၊ မရှိ၊ မှောင်ခိုစျေးကွက်များ ရှိ၊ မရှိ၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်စျေးနှုန်းအတိုင်း မှန်ကန်စွာဖြန့်ဖြူးရောင်းချပေးမှု ရှိ၊ မရှိ တို့အား တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနမှ သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)