ကျောက်မဲ ဇူလိုင် ၂၄
ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ရက်(၁၀၀) "လမင်း" စီမံချက်ဖြင့် ယနေ့တွင် ရပ်ကွက်(၇)ရှိ အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric (UID) ဇီဝအချက်အလက် ကောက်ယူခြင်း လုပ်ငန်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းသား ၁၉ ဦးနှင့် ကျောင်းသူ ၂၀ ဦး စုစုပေါင်း ၃၉ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို နေ့ချင်းပြီး စိစစ်ပြုလုပ်ပေးခဲ့သည်။ ယင်းသို့ ကွင်းဆင်းဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန့်ဇော်ဝင်း၊ မြို့နယ်ဦးစီးမှူး ဦးမင်းသူနှင့် ကျောင်းတာဝန်ခံဆရာမကြီး ဒေါ်စုစုမိုးတို့က လာရောက်ကြည့်ရှုအားပေးပြီးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကာ ကတ်ပြားများပြုလုပ်ပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူများထံ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)