ဝက်လက်မြို့တွင် မိုးစပါး တင်း ၁၀၀ ထွက်ရှိရေး အတွက် တောင်သူများကို ဓာတ်မြေသြဇာ နှင့် ပေါင်းရှင်း မြေဆီကျွေးရန်အတွက် လုပ်အားခများ ထောက်ပံ့ ပေးအပ်

ဝက်လက် အောက်တိုဘာ ၁

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ဝက်လက်မြို့ ၊ မြို့မ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာတွင် ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အတွင်း မိုးစပါး တင်း ၁၀၀ ထွက်ရှိရေးအတွက် တောင်းသူများကို ဓာတ်မြေသြဇာ  နှင့် ပေါင်းရှင်း မြေဆီကျွေးရန် အတွက် လုပ်အားခများ ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် ဝက်လက်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း က အဖွင့် အမှာစကားပြောကြားပြီးနောက်ရွှေဘိုခရိုင်း စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဦးတင်မောင်ဆွေ က ဓာတ်မြေသြဇာ နှင့် ပေါင်းရှင်း မြေဆီကျွေးရန် အတွက် လုပ်အားခ ထောက်ပံ့ ပေးအပ်ရခြင်း ၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ၊ ထောက်ပံ့ ပစ္စည်း နှင့် လုပ်အာခများကို တောင်သူများထံသို့ အသီးသီး လက်ဝယ်အရောက် ပေးအပ်ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း၊ စိုက်ပျိုးရေး ဦးစီးဌာန ရွှေဘိုခရိုင် ဦးစီးမှူး ဦးတင်မောင်ဆွေ နှင့် ရွှေဘိုခရိုင် သီးနှံ တာဝန်ခံ  ဒေါ် အမာချို ၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်အမာကြည်  နှင့် ဝန်ထမ်းများ ၊ တောင်သူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။     

 

စိုးစိုးလှိုင် ( ဝက်လက်)