သတင်းများ

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကား
Oct 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး နောက်ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ရပါသည်-
မြစ်သားမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ (Talk Show)ကျင်းပ
Oct 15,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်းသိရသည်။
သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ်(ဒုတိယအကြိမ်) စတင် ထိုးနှံပေး
Oct 15,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေ့စဉ် စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ဒုတိယအသုတ် (ဒုတိယအကြိမ်) ကို ရွှေသက်လွတ် ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင် စုရပ်နေရာ (၆) ခုခွဲ၍ ယနေ့နံနက် ၉ နာရီက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ အငယ်တန်းစာရေး လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်
Oct 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် အငယ်တန်းစာရေး လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့် သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယသုတ် (ဒုတိယအကြိမ်) ဆေးထိုးနှံ ပြီးသူ (၈၃၀)ဦးရှိ
Oct 15,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယသုတ် (ဒုတိယအကြိမ်) အတွက် ကာကွယ်ဆေးအလုံးရေ (၂၁၄၀)လုံး ရရှိပြီး ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား ယမန်နေ့နံနက်ပိုင်း က စတင်ထိုးနှံပေးခဲ့ရာကာကွယ်ဆေး ထိုးနှံပြီးသူ (၈၃၀) ဦးရှိကြောင်း သိရသည်။
‌ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး
Oct 15,2021
ဝါးခယ်မ၊ အောက်တိုဘာ ၁၅ ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေး‌သော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ယနေ့နံနက်(၉)နာရီက ဝါးခယ်မမြို့နယ် ရွှေခယ် သီရိအားကစားခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား(ပထမအကြိမ်) ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
မိုင်းခတ်၌ စာဖတ်ဝိုင်းပြုလုပ်
Oct 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်တွင် ဒေသခံပြည်သူများစာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့်စာပေဖတ်ရှုခြင်းမှ ရရှိသောစာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းသိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် စာရေးဆရာအောင်သစ် ရေးသားသော "မိမိဘဝမိမိထူထောင်အောင်မြင်ရေး" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ်အတွင်း အသက်(၁၂) နှစ်အထက် အခြေခံပညာကျောင်းသူ/ ကျောင်းသား(၃၉၆၃)ဦးကို (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည့်အစီအစဉ်များအား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် တွေ့ဆုံမေးမြန်း
Oct 15,2021
မေး။ ။မင်္ဂလာပါခင်ဗျား။ နာမည်နဲ့ရာထူး/တာဝန်ကို ဦးစွာမိတ်ဆက်ပေးပါ။ ဖြေ။ ။ကျနော်ကတော့ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဋ္ဌာနမှဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသန်းထိုက်စိုး ဖြစ်ပါတယ်။ မြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှာအတွင်းရေးမှူးတာဝန်ကို ပူးတွဲ တာဝန် ထမ်းဆောင်နေပါတယ်။