ရေဦး အောက်တိုဘာ ၁၄
ရေဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရေဦးမြို့နယ် ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးကျော်စိုးနှင့် တွေ့ဆုံမေးမြန်းမှုကိုရေးသား ဖော်ပြလိုက်ပါသည်။
မေး။ ။ မင်္ဂလာပါ ဆရာကြီးရှင့်၊ ဆရာကြီးရဲ့အမည်၊ ရာထူးနဲ့ တာဝန်ယူလုပ်ဆောင်နေတဲ့ အပိုင်းကို သိပါရစေရှင့်
ဖြေ။ ။ ကျွန်တော်ကတော့ ရေဦးမြို့ပညာရေးမှူးဦးကျော်စိုးဖြစ်ပါတယ်။
မေး။ ။ ဆရာကြီးရှင့်၂၀၂၁-၂၀၂၂ ခုနှစ် အခြေခံပညာအလယ်တန်း အထက်တန်းအဆင့် အသက် ၁၂ နှစ်အထက်အခြေခံပညာကျောင်းသား/သူများတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးမည့်နေ့ရက် နေရာ၊ ကာကွယ်ဆေးအမျိုးအစားနှင့် ဆေးထိုးနှံရမည့် အကြိမ်ရေကိုလည်း သိပါရစေဆရာ။
ဖြေ။၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အချိန် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးမည့်ရက်ကိုအချိန် အောက်တိုဘာ ၁၃ ရေ ၁၄ ရက်များတွင် ထိုးနှံပေးဖို့ သတ်မှတ် ထားသော်လည်း ကာကွယ်ဆေးထုတ်ယူရရှိနိုင်မည့် ရက်နှင့် ချိန်ကိုက်ပြီးမှသာ ကာကွယ်ဆေးထိုး ပေးမည့်ရက်ကို ပြန်လည်၍အသိပေး ကြေညာသွားဖို့ ရှိပါတယ်၊ ကာကွယ် ဆေးအမျိုးအစားက (Sinovac)ဖြစ်ပါတယ်။
မေး။ ။ မြို့နယ်အအတွင်းမှာ အစိုးရအခြေခံပညာကျောင်းပေါင်း ဘယ်လောက်ရှိပါသလဲရှင့်
ဖြေ။ရေဦးမြို့နယ်မှာ အစိုးရအခြေခံပညာကျောင်းပေါင်းအနေနဲ့ အထကကျောင်း ၁၁ ကျောင်း၊ အထက (ခွဲ)ကျောင်း ၅ ကျောင်း၊ အလက ၁၁ ကျောင်း၊ အလက(ခွဲ)၉ ကျောင်း၊ မူလွန်ကျောင်း ၂၀ ကျောင်း၊ အမက ၈၀ ကျောင်း၊ အမက(ခွဲ) ၁ ကျောင်း စုစုပေါင်း ၁၃၈ ကျောင်းရှိပါတယ်၊ အသက် ၁၂ နှစ်အထက် ကျောင်းသားတိုင်း ကာကွယ်ဆေးထိုး အစီအစဉ်မှာ ထည့်သွင်းထားပြီးဖြစ်ပါတယ်။
မေး။ ကာကွယ်ဆေးထိုးဖို့ နေရာကိုဘယ်လိုဆောင်ရွက်ထားပါသလဲရှင့်
ဖြေ။ကာကွယ်ဆေးထိုးမည့်နေရာကို လူစုလူဝေးမဖြစ်စေဖို့အတွက် ဆေးထိုးစုရပ် သုံးနေရာခွဲ စီစဉ်ထားပါတယ်၊ အထက(၁)ကံ့ကော်ဆောင်ခန်းမ၊ ရွှေရတုကျောင်းဆောင်နှင့် အင်ကြင်း ခန်းမဆောင်တို့မှာစီစဉ်ဆောင်ရွက်ထားပါတယ်။
မေး။ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည့် ကျောင်းသားဦးရေကိုလည်း ပြောပြပေးပါဆရာ။
ဖြေ။ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမည့်ကျောင်းသားစာရင်းအနေနဲ့ အသက် ၁၂ နှစ် ပြည့်ပြီးသူ အလယ်တန်းအဆင့် ကျောင်းသား ၁၀၇၃ဦး၊ အထက်တန်းအဆင့်ကျောင်းသား ၃၀၅ ဦး စုစုပေါင်း ၁၃၈၈ ဦးရှိပါတယ်။
မေး။ပညာရေးဌာနမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမတွေရော ကာကွယ်ဆေး ထိုးပြီးပြီလား သိပါရစေ။
တာ၀န်ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမများမှာ နှစ်ကြိမ်ပြည့်ထိုးနှံပြီးဖြစ်ပါတယ်။ သို့မှသာ အားလုံး လွှမ်းခြုံသော ဘေးကင်းလုံခြုံသည့် ပညာသင်ယူခွင့် အခွင့်အလမ်းဆိုတဲ့ ရည်ရွယ်ချက် ပြည့်မြောက်မှာ ဖြစ်ပါတယ်။
မေး ။ မြို့နယ်တွင်းရှိ အခြခံပညာကျောင်းများ ကိုဗစ်-၁၉ရောဂါနှင့်အတူ ယှဉ်တွဲလျက် ကျောင်းသားများ ပညာသင်ကြားနိုင်ရေး ရောဂါကာကွယ်ထိန်းချုပ်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်း သိပါရစေ။
ဖြေ။ ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်နိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိပါတယ်၊ နိုင်ငံတော်က စီစဉ်ပေးထားတဲ့အတိုင်း ကျောင်းတိုင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ၀ယ်ယူထားရှိဖို့ရန်ပုံ ငွေများခွဲဝေချထားပြီးဖြစ်သလို ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် လက်ဆေးဘေစင်၊ နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာ၊ ကိုယ်အပူချိန်တိုင်းကိရိယာ၊ စသည့် ကာကွယ်ရေးပစ္စည်းများ အမှန်တကယ် ၀ယ်ယူထားရှိမှုရှိမရှိ စစ်ရေးရေးအဖွဲ့ဖြင့် စစ်ဆေးထားပြီး ဖြစ်ပါတယ်။
မေး။ ။ဟုတ်ကဲ့ဆရာကြီး ကာကွယ်ဆေးထိုးနှံဖို့အတွက် လုပ်ငန်းအောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်မယ့် အဖွဲ့အစည်း တွေလည်း သိချင်ပါတယ်ရှင့်။
ဖြေ။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပူးပေါင်းပါ၀င်ကြမည့် အဖွဲ့အစည်းများအနေနဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စေတနာ့၀န်ထမ်းများဖြစ်သည့် ကြက်ခြေနီအဖွဲ့နှင့် စေတနာ့ဝန်ထမ်းအဖွဲ့များ၊ ပညာရေးဌာနတို့ဖြင့် အတူဆောင်ရွက်သွားဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။
မေး။ ယခုလို နိုင်ငံတော်က ကျောင်းသား၊ ကျောင်းသူများအပေါ် ပညာသင်နှစ်တစ်နှစ် ဆုံးရှုံးနစ်နာမှု မဖြစ်စေရန် စီစဉ်ဆောင်ရွက်ပေးနေမှုအပေါ် ဆရာ့ရဲ့ ဖြည့်စွက်စကားလေးတွေလည်း ကြားသိချင်ပါ သေးတယ်ရှင့်။
ဖြေ။ ကျွန်တော့်အနေနဲ့ ပညာရေးကဏ္ဍဘက်မှ ပြောရလျှင် ကျောင်းသားတွေ စာသင်နှစ် တစ်နှစ်နားခဲ့ရပြီး ဖြစ်ပါတယ်၊ ယခုနှစ်သာဆက်နားလိုက်မည်ဆိုပါက အသက်နှစ်နှစ်ကြီးပြီး အတန်းပညာငယ် သွားပါမယ်၊ နိုင်ငံတော်အနေနဲ့က ကျောင်းသားတွေရဲ့ ပညာရေးနှောင့်နှေးမှုမဖြစ်စေရန် ကာကွယ်ဆေး ထိုးပေးမည်ဆိုတော့ ၀မ်းမြောက်၀မ်းသာဖြစ်ရပါတယ်၊ ကာကွယ်ဆေး မထိုးမနေရဆိုတာ မျိုးမရှိပါဘူး၊ ကျောင်းအုပ်နှင့် မိဘသဘောတူညီချက်ဖြင့်သာ ထိုးနှံရန်ဖြစ်ပါတယ်၊ အာရုံကြောရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ အ၀လွန်မှု၊ ဆီးချို၊ ပန်းနာရင်ကျပ်၊ သွေးအားနည်းရောဂါများနှင့် ကိုယ်ခံအား ကျဆင်းနေသော ကလေးမရောဂါများနှင့် ကိုယ်ခံအားကျဆင်းနေသော ကလေးများသည် ရောဂါပိုးကူးစက်လွယ်ပြီး ပိုမိုပြင်းထန်သည့် အခြေအနေရောက်ရှိလာနိုင်သောကြောင့် ကာကွယ်ဆေးကို ထိုးသင့်တယ်လို့ ပြောကြားလိုပါတယ်၊ ကျောင်းသား၊ ကျောင်းသူများအားလုံး ကာကွယ်ဆေးထိုးနှံမှသာ နေတဲ့ အတန်းဖော် ကျောင်းသား၊ ကျောင်းသူ အားလုံး ဘေးကင်းလုံခြုံ စိတ်ချစွာ ပညာသင်ကြားနိုင်မည် ဖြစ်ပါတယ်။ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးထားခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်ပြီးဖြစ်မယ်၊ ပညာသင်ကြားရေးမှာ အထောက်အကူဖြစ်မယ်လို့ ပြောကြားလိုပါတယ်။
တွေ့ဆုံမေးမြန်း- ခိုင်ဇင်(မြို့နယ်ပြန်/ဆက်)