ကမမောင်း အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ် ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကွင်းဆက် ပြတ်တောက် နိုင်ရေးနှင့် မိဘပြည်သူများ အား ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၆ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မရှိစေရေး အသိပညာပေး ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှ မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအုပ်စု အနေဖြင့် second dose ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နယ်မြေမီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး အချက်များ၊ မဖြစ် မနေအရေးကြီးကိစ္စများ၊ သွားလာရာ၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါ ပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်နှင့် ဒုတိယအုပ်စုအဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို second dose ထိုးနှံနိုင်ရေး အချိန်၊ နေ့ရက်နှင့် ထိုးနှံပေးမည့် နေရာများအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးတိုက်တွန်းနှိုးဆော်ချက်များကို စကောကရင်၊ မြန်မာဘာသာတို့ ဖြင့် ကြေညာပေးခဲ့ကြောင်း သိရှိရသည်။
လင်းသန့် (ပြန်/ဆက်)