ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံ

ကျွန်းစု အောက်တိုဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာ ကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုခံရသော်လည်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံကို ယခုလို ဖော်ပြပေးလိုက်ပါသည်။

မချူးငယ်(ကျွန်းစုမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ နေထိုင်သူ)

ကျွန်မဆီမှာ ကိုဗစ် စတွေ့တုံးက သွားမရ၊ လာမရနဲ့ တော်တော်ပင်ပန်းပါတယ်။ ကျွန်မက ကိုယ်ဝန် ဆောင် မိခင်ဖြစ်တယ် ဆိုတော့ စိတ်အားငယ်မိတယ်၊ အခြားလူတွေ မဖြစ်စေချင်ပူး၊ ဆရာမတွေက ဆေးတွေထိုးပေးပါတယ်၊ ခံစားရတဲ့ဝေဒနာက မပြင်းထန်တဲ့အတွက် အောက်ဆီဂျင်ရှူရတာ မျိုးလည်း မရှိပါဘူး၊ ကလေးစမွေးတဲ့အချိန်မှာ ကလေးကို ဓာတ်ကင်တာ (၁) ပတ်လောက်ရှိမယ်၊ ကျွန်မကိုတော့ ဆေးဘူးကြီးတော့ ချိတ်ပေးတယ်။ ဆေးရုံမှာ (၁၁)ရက်/(၁၂)ရက်လောက် နေပြီးတော့ အိမ်မှာ တစ်ပတ်လောက် ဆက်နေရတယ်။ အခုချိန်မှာ မိခင်ဖြစ်တဲ့ကျွန်မရော ကလေး ရော နေကောင်းပါတယ်ရှင်။

ကိုဗစ်ကာကွယ်ဆေးကိုတော့ မထိုးရသေးပါဘူး၊ ကိုယ်ဝန်နဲ့ဆိုတော့ ထိုးလို့မရဘူးလေ၊ အခု ကလေးလည်း မွေးပြီးပြီဆိုတော့ ကလေးနို့ပြတ်မှ ကာကွယ်ဆေးကို ထိုးဖြစ်အောင် ထိုးသွားမှာပါ၊ ကိုဗစ်ရောဂါကို အားလုံးနဲ့ ကင်းဝေးစေချင်ပါတယ်၊ ကိုယ်နဲ့ ထပ်တူ ဒီဝေဒနာကို ဘယ်သူကိုမှ မခံစားစေချင်ပါဘူး၊ ရောဂါဖြစ်လာရင်တောင် အားမငယ်ပါနဲ့၊ ကျွန်မလည်း ရောဂါဖြစ် တယ်လို့ စိတ်ထဲမှာမထားဘဲ့နဲ့ အားတင်းထားပြီးတော့ ကောင်းကောင်းနေလိုက်ပါတယ်ရှင်။ ကျွန်မဆေးရုံ တက်တုံးကတော့ ကျွန်မလို ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရှိတယ်၊ ကျွန်မက မွေးတာနည်းနည်း နောက်ကျတယ်၊ ကလေးရော မိခင်ရော ကျန်းမာရေး ကောင်းတဲ့အတွက် (၃/၄) ရက်လောက် ကြာတော့ ဆေးရုံဆင်းသွားတယ်။

စည်သူရအောင်(ကျွန်းစု)