တန့်ယန်း အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား ကာကွယ်ဆေးထိုး အုပ်စုများအလိုက် ထိုးနှံပေးနေရာတွင် စက်တင်ဘာ ၃၀ ရက်နေ့ထိ ပထမအကြိမ်အဖြစ် ထိုးနှံထားပြီးစီးသူ (၁၀၆၃၅)ဦးထိရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးတို့က ကြီးကြပ်ကာ မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ထိုးနှံပေးရာ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း၌ ယမန်နေ့ ညနေထိ စုစုပေါင်း (၁၀၆၃၅)ဦး ထိုးနှံပြီးဖြစ်ရာ ဆက်လက်၍လည်း ဆေးထိုးအုပ်စုနှင့် ဆေးထိုးစုရပ်များခွဲ၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)