ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းထဲသို့ ဝင်ရောက်လာသည့် ကုန်တင်ကားကြီးမောင်းနှင်းသူများ နှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိစစ်ဆေးဆောင်ရွက်

မောင်‌တော အောက်တိုဘာ ၁

 

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  မြို့အဝင်/အထွက် ဂိတ် အနီး၌ စက်တင်ဘာ ၃၀  ရက်နေ့ နံနက် ၁၁ နာရီ အချိန်က မြို့တွင်းထဲသို့ ဝင်ရောက်လာသည့် ကုန်တင်ကားကြီး မောင်း နှင်းသူများ နှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် အခမဲ့ စစ် ဆေး ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

 

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်ဦးဆောင် လမ်းညွန်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်း ချုပ်နိုင်ရေး အတွက် မြို့အဝင်/အထွက်ဂိတ်အနီး၌ စစ်တွေမြို့မှ အငူမော်-ဉဒေါင်း-ဝေသာလီ လမ်း နှင့် ဘူးသီးတောင် မြို့ဘက်မှ မောင်တောမြို့အတွင်းထဲသို့ ဝင်ရောက်လာကြသော ဝင်ရောက်လာသော ကုန်တင်ကားကြီး မောင်းနှင်းသူများ နှင့် ယာဉ် နောက်လိုက်များ၊ လမ်းသွားလမ်းလာပြည်သူ အမျိုးသား(၅၂)ဦး နှင့် အမျိုးသမီး (၉)ဦးစုစုပေါင်း (၆၁)ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  ၎င်းတို့မှာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိခဲ့ ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။  

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ နှင့်  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး ခဲ့ကြကြောင်း သိ ရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)