သတင်းများ

မိုင်းယန်းမြို့နယ် အတွင်းရှိ တောင်ပေါ်ဒေသ ကျေးရွာများအရောက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Oct 01,2021
ပန်းခင်းစီမံချက် အစီအစဉ်အရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက ယန်းကောင်ကျေးရွာအုပ်စု အတွင်းရှိ တောင်ပေါ်ကျေးရွာများသို့  စက်တင်ဘာလ နောက်ဆုံးအပတ်မှ စတင်၍ အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ် စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုလျော့နည်းကျဆင်းပြီး ဆဒ္ဒန် ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျမှုမရှိ
Oct 01,2021
မကွေးတိုင်းဒေသကြီး  ၊   မြို့သစ်မြို့နယ်ရှိ   စွန်ဆည်ရေလှောင်တမံရေပိုလွှဲ မှရေကျော်ကျမှု သည်   ယနေ့နံနက်ပိုင်းတွင်  ဆက်လက်လျော့နည်းကျဆင်းလာပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံရေပို လွှဲမှ  ဆက်လက်ရေကျော်ကျမှုမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာ နက သိရသည်။
စက်သုံးဆီ သုံးမျိုးအား အထူးစျေးဖြင့် ရောင်းချပေးလျက်ရှိ
Oct 01,2021
 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော BOC စက်သုံးဆီအရောင်းဆိုင်နှင့် DENKO စက်သုံးဆီအရောင်းဆိုင်များက စက်တင်ဘာလ ၂၉ ရကက်နေ့ကစတင်ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် စက်သုံးဆီ ၃ မျိုး ( 92 Ron”pre.Diesel”Diesel)ကိုအထူးစျေး နှူန်းဖြင့်သတ်မှတ် ထားသည့် ခွဲတမ်း အတိုင်းရောင်းချပေးခဲ့ရာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သရက်မြို့သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ (၈၄၆၅) ဦး ပထမအကြိမ် ဆေးထိုးနှံပြီးစီး
Oct 01,2021
မကွေးတိုင်းဒေသကြီး သရက်မြို့သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိရာ (၈၄၆၅) ဦးအား ပထမအကြိမ် ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ရွှေသက်လွတ် ဘုရားဝန်း အတွင်းရှိသာသနာ့ဗိမာန်တော်၊ ကျေးရွာအုပ်စုများတွင် ယနေ့နံနက် ၉ နာရီက သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ရောဂါပိုး ရှိ/ မရှိစစ်ဆေးခြင်း၊ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။     
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား  လိုက်လံအသိပေးနှိုးဆော်
Oct 01,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ယနေ့နံနက်(၈)နာရီတွင် နောင်ခလုံးကျေးရွာသို့ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်
Oct 01,2021
မကွေးတိုင်းဒေသကြီး၊    သရက်ခရိုင်၊    မင်းလှမြို့နယ်၌ အသက်( ၈၅ )နှစ်အထက်   သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ညနေပိုင်းမှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေး မှူးနှင့်တာဝန်ရှိသူများ၊လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများကအိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သီပေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံများ
Oct 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ဖော်ပြလိုက်ရပါသည်-
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ မင်းလှမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ပေးနေမှုအား ကြည့်ရှုစစ်ဆေး
Oct 01,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် သည် မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ရွာတော်ကျေးရွာ၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး နေမှုများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့‌ကြောင်းသိရသည်။