ဇလွန်မြို့နယ်တွင် စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းစံနှုန်းများအတိုင်း ရောင်းချနိုင်ရေးစစ်ဆေး

ဇလွန်  အောက်တိုဘာ  ၁

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် စက်သုံးဆီများကိုသတ်မှတ် ဈေးနှုန်းစံနှုန်းများအတိုင်း ပုံမှန်ဈေးနှုန်း ဖြင့်ရောင်းချသော ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်အား အချင်အတွယ် ၊ ဈေးနှုန်းမှန်ကန်ရေးကို ယနေ့ နံနက် ၁၁ နာရီအချိန် ခန့်တွင်စစ်ဆေးခဲ့ကြသည်။

ဇလွန်မြို့နယ်တွင် ပုံမှန်ဈေးနှုန်းဖြင့်ရောင်းချသော ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်အမှတ် (011)အား နိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချသော USDနှင့် ညီမျှသောစက်သုံးဆီများကို သက်သာသောသတ်မှတ်စျေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးမည့် ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်အား အချင်အတွယ် ၊ ဈေးနှုန်းမှန်ကန်ရေးစစ်ဆေးခြင်းကို ဇလွန်မြို့နယ် စျေးကွက်စောင့် ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်း၍သတ်မှတ်စျေးနှုန်းစံနှုန်းများအတိုင်း ရောင်းချနိုင်ရေးစစ်ဆေးခဲ့ကြောင်းသိရသည်

ဇလွန်မြို့တွင် သက်သာသောစျေးနှုန်းဖြင့်ရောင်းချသော ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်တွင် ဓာတ်ဆီ (92-RON) (1 Liter)လျှင် (၁၁၃၇) ကျပ်နှုန်း ၊ (ဒီဇယ်) ဆီ(1 Liter)လျှင် (၁၁၃၂) ကျပ်နှုန်း၊ (ပရီမီယမ်ဒီဇယ်) ဆီ (1 Liter)လျှင် (၁၁၃၉) ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း ဇလွန်မြို့ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်တာဝန်ခံထံမှ သိရှိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)