ကျောက်တန်းမြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဗီနိုင်းပိုစတာများစိုက်ထူ
Oct 01,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင် ရေး လုပ်ငန်းလမ်းညွှန်ဖြစ်သည့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဗီနိုင်းပိုစတာများ စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျိုက်မှော်ဝန်းရေလယ်စေတီတော် ကားပါ ကင်၊ ဂတ်တန်းကွေ့နှင့် YBS ၉၅ ဂိတ်တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။