ဟိုပန် အောက်တိုဘာ ၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက်အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး တို့အတွက် ယနေ့ နံနက်(၉)နာရီအချိန်က ဟိုပန်မြို့နယ် လဝက ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယာယီပျံကျဈေး၊ လွတ်လပ်ရေးကျောက်တိုင်နှင့် မြို့လယ်တံတားတို့တွင် ဈေးသည်များနှင့် ဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ “ပန်းခင်း” စီမံချက် လက်ကမ်းစာစောင်ထဲတွင် အသက်(၁၀)နှစ်ပြည့်(သို့) အသက် (၁၈) နှစ်ပြည့် လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းနှင့် လိုအပ်ချက်များ၊ “ပန်းခင်း”စီမံ ချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်း(၄)ရပ်၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ် မှူးများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ (၅)ဦးကော်မတီဖြင့် စိစစ်ခြင်းဆောင်ရွက်ရမည့် ကိစ္စများ၊ အိမ်ထောင်စု လူဦးရေစာရင်း စစ်ဆေးအတည်ပြု ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းအတွက် လိုက်နာရမည့် အချက်များ ပါဝင်ကြောင်းသိရှိရသည်။
ခရိုင်(ပြန်/ဆက်)