ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံ

ကွမ်းလုံ     အောက်တိုဘာ     ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ယမန်နေ့နံနက် (၈:၃၀) အချိန်မှစ၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းကို ကိုးကန့်ယဉ်ကျေးမှု ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

ကွမ်းလုံမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ  ကိုးကန့်ယဉ်ကျေးမှုခန်းမ၌ ဘာသာ​ရေးဆိုင်ရာပုဂ္ဂိုလ် (၂)ဦး၊ နိုင်ငံ့ဝန်ထမ်း (၄)ဦး၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ ဝန်ထမ်း (၄)ဦး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ(၁၇)ဦး၊ အခြားဝင်ငွေရရှိသော အုပ်စုဝင်(၄၂၀)ဦး၊ စားသောက်ကုန်ပစ္စည်း​ ရောင်းချသူနှင့် ဆိုင်ဝန်ထမ်း(၁၀၉)ဦး ၊ မှီခိုသူ (၂၁၉) ဦး၊  စုစုပေါင်း (၇၇၅) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ 

ဆေးထိုးရန် ရောက်ရှိလာသူများအား အပူချိန် တိုင်းတာခြင်း၊ နေရာစီစဉ်ပေးခြင်း၊ စာရင်းစစ်ဆေးပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်း နှင့် ဆေးထိုးနှံခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ ကော်မတီ ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက် များနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြ​ကြောင်း သိရှိရသည်။

ဖြိုးမမ (ကွမ်းလုံ)