သီပေါ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချ လျက်ရှိသော KYAW SAN စက်သုံးဆီ အရောင်းဆိုင်များအား အချင်အတွယ်၊ ဈေးနှုန်းမှန်ကန်ရေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
သီပေါမြိုနယ်တွင် ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော KYAW SAN စက်သုံးဆီ အရောင်း ဆိုင်များ အချင်အတွယ်၊ ဈေးနှုန်းမှန်ကန်ရေး စစ်ဆေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ဈေးကွက်စောင့်ကြည့်ကြပ်မတ် စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
သီပေါမြို့တွင် ပုံမှန်ဈေးဖြင့် ရောင်းချလျက်ရှိသော KYAW SAN စက်သုံးဆီ အရောင်းဆိုင် များတွင် ဓာတ်ဆီ (92-RON) (1 Liter) လျှင် (၁၁၈၇) ကျပ်နှုန်း၊ ဒီဇယ်ဆီ(1 Liter) လျှင်(၁၁၇၇)ကျပ်နှုန်း၊ ပရီမီယမ် ဒီဇယ်ဆီ(1 Liter)လျှင်(၁၁၈၄)ကျပ်နှုန်း တို့ဖြင့်ရောင်းချပေး လျက်ရှိကြောင်းအဆိုပါ စက်သုံးဆီ အရောင်းဆိုင် တာဝန်ခံထံမှသိရသည်။
ခင်လေး (သီပေါ၊ပြန်/ဆက်)