စစ်တွေမြို့၌ ပန်းခင်းစီမံချက် သိမှတ်ဖွယ်ရာ စ‌တေကာ နှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

စစ်တွေ    အောက်တိုဘာ        ၁

 

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် ပန်းခင်းစီမံချက်အရ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင် စုလူဦး ရေးစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်သည်။

 

ထို့နောက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိန်သာထွန်း နှင့် ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက စစ်တွေမြို့ရှိ လူစည်ကားရာ ဦးဥတ္တမပန်းခြံရှေ့ နှင့်  မေယုလမ်းတစ်လျှောက် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ပြည်သူများကို ပန်းခင်းစီမံချက် သိမှတ်ဖွယ်ရာ စတေကာ နှင့် လက်ကမ်းစာစောင်များကို ဖြန်ဝေပေးကြကြောင်း သိရသည်။ ထို့အပြင် လူစည်ကားရာနေရာများတွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုင်ဘုတ်ကို စိုက်ထူကြသည်။

 

အဆိုပါ ဆိုင်ဘုတ်စိုက်ထူရာနေရာများနှင့် သိမှတ်ဖွယ်ရာ စတေကာ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးရာသို့ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသွားရောက်ကြည့်ရှု့ ကြောင်းသိရသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)