သတင်းများ

ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် ၁၉ ဦး ရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူ စုစုပေါင်း ၁၃၀၃  ဦးရှိလာပြီဖြစ်
Oct 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ယနေ့ စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် (၁၉) ဦး တွေ့ရှိ ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ယခုနှစ်ကြက်သွန်နီစိုက်ပျိုးရာသီ၌ ယခင်နှစ်စိုက်ပျိုးဧကထက် လျှော့ချ စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိ
Oct 01,2021
မကွေးတိုင်းဒေသကြီး  ၊   မြို့သစ်မြို့နယ် ၊ ဖိုကုန်းကျေးရွာရှိ တောင်သူများအနေဖြင့် ယခုနှစ် ကြက်သွန်နီစိုက်ပျိုးရာသီတွင် ယခင်နှစ်ကထက် စိုက်ပျိုးဧကများကို လျှော့ချ၍ စိုက်ပျိုးရန် စီစဉ်နေ ကြောင်းသိရသည်။ တောင်သူများအနေဖြင့် ယခင်နှစ်များက တောင်သူတစ်ဦးလျှင် ကြက်သွန်နီ (၄) ဧကခန့်စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားမှုကြောင့် ပြည်ပသို့တင်ပို့ ရမှုနည်းပါးခြင်း၊ ကြက်သွန်နီသည် ပြည်သူများ၏ အခြေခံစားသောက်ကုန်ဖြစ်သဖြင့် အလှူမင်္ဂလာ ပွဲများတွင် အသုံးပြုရမှုနည်းပါးခြင်း ၊ ယခင်နှစ်က ကြက်သွန်နီစျေးနှုန်းကျဆင်းခြင်းကြောင့် အခက် အခဲအကျပ်အတည်းများကြုံတွေ့ရပြီး တောင်သူများ၏စီးပွားရေးကို တိုက်ရိုက်ထိခိုက်မှု ရှိကြောင်း ဖိုကုန်းကျေးရွာ ကြက်သွန်နီစိုက်တောင်သူများထံက သိရသည်။
ဖောင်းပြင်မြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူ၏ မိသားစုဝင်အား ထောက်ပံ့
Oct 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် စက်တင်ဘာလ ၂၆ရက်နေ့က  မိုးကြိုးလျှပ် စီးကြောင့် မန်သဲကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာတွင်နေထိုင် သူအမျိုးသမီးတစ်ဦးသေဆုံးခဲ့ရာ သေ ဆုံးခဲ့သူ၏ မိသားစုဝင်အား ထောက်ပံ့ငွေကျပ်(၃၀၀၀၀၀) သုံးသိန်းကို ယမန်နေ့ညနေ ၃ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပေးအပ်သည်။
ကြံခင်းမြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
Oct 01,2021
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်၊ကြံခင်းမြို့တွင်(၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကိုယနေ့နံနက်(၈)နာရီအချိန်ကကြံခင်းမြို့မြို့မရဲစခန်းအစည်းအဝေး ခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့နယ် ညောင်ကျပ္ပင်ကျေးရွာတွင် မိုးမြေပဲမျိုးစေ့ထုတ်စိုက်ခင်း (၂၀) ဧကစိုက်ပျိုး
Oct 01,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ညောင်ကျပ္ပင်ကျေးရွာတွင် မိုးမြေပဲ (မကွေး-၁၆) မြေပဲမျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း (၂၀) ဧကစိုက်ပျိုးထားကြောင်းသိရသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူအသိပညာပေးသင်တန်းဖွင့်လှစ်
Oct 01,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက်ပိုင်းက တောင်သူအသိပညာပေးသင်တန်း ဖွင်းလှစ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်ခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Oct 01,2021
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား ယနေ့နံနက် ၈ နာရီ အချိန် က မြို့မတောင်ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ (RDT) ဖြင့် အခမဲ့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ပေးခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်အိတ်များလှူဒါန်း
Oct 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလအတွင်းဆွမ်းကိစ္စများအခက်အခဲမဖြစ်ပေါ်စေရေးအတွက်ဘုန်းတော်ကြီးကျောင်းများသို့ဆွမ်းကိစ္စများအဆင်ပြေစေရန်အတွက်ယနေ့နံနက်(၉:၃၀)နာရီအချိန်ကဆွမ်းဆန်များနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းပေးအပ်ခဲ့သည်။