သတင်းများ

ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး
Oct 01,2021
ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းမှ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နေ့လယ်(၁)နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက် ဂုံးလမ်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် Mask Campaign နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
Oct 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန် ခန့်က အိုးတန်းရပ်ကွက် ရန်ကုန် - ပြည်ကား လမ်းဘေးရှိ ရွှေဂျိုးဖြူခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။
ဘုတလင်မြို့နယ်တွင် တောင်သူ အသိပညာပေး သင်တန်းဖွင့်လှစ်
Oct 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တောင်သူ အသိပညာပေး သင်တန်းကို နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပြီးဌာန ဆိုင်ရာများ နှင့်သင်တန်း သားသင်တန်းသူ(၂၃)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြီး ပျောက်ကင်းသူများ၏ ရင်တွင်း စကားသံများ
Oct 01,2021
ကျွန်နော် စဖြစ်တာက ကျွန်တော့်အကိုကြီးတွေနဲ့ အတူတူဖြစ်တာပဲ၊ အကိုကြီးတွေ positive ဖြစ်တော့ အတူတူအလုပ်လုပ်နေတာလေ ကူးပြီပေါ့ဗျာ၊ ကိုဗစ်ဖြစ်တော့ ပုဗ္ဗသိရိ ခုတင် ၅၀ ရောက်သွားတယ်။ positive ဖြစ်သွားတော့ ပုံမှန်စား၊ ဆေးတောင်မလိုပါဘူး အဓိကစိတ်ဓာတ် ကြံ့ခိုင်ဖို့လိုတယ်၊ အိပ်ရေးဝဝအိပ်တယ် ၊ ဆေးရုံရောက်မှအနှံ့ပျောက်တယ် ၃ ရက်လောက် တော့ကြာတယ်၊ လူကတော့ပုံမှန်တိုင်း လေ့ကျင့်ခန်းလုပ်ဖြစ်တယ်၊ ကိုကြီးတွေလဲပါတာ ဆိုတော့ အားရှိတာပေါ့ ၊ ပျော်ပျော်ပဲ ၁၁ ရက်ကြာခဲ့တယ်၊ ကြက်ပေါင်းရည်တော့သောက်တယ် ထမင်းများများစားတယ် အနံ့ပျောက်လည်းစားတယ်၊ ဒါ့ကြောင့်လည်း မြန်မြန်သက်သာ လာတာပါ၊
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး Talk Show ကျင်းပ
Oct 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း ဆောင်ရွက်သည့် ပန်းခင်းစီမံချက် အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၁)နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်ရောဂါပိုးရှိသည့် လူနာများကို ကိုဗစ်စင်တာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် စေတနာ့ ဝန်ထမ်းနှစ်ဦး၏ ရင်တွင်း စကားသံများ
Oct 01,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ပထမအပတ်၌ ရောဂါဖြစ်ပွားမှုများပြား ခဲ့၍ သေဆုံးမှုများလည်းရှိခဲ့ရာ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ခဲ့ပြီး ကုသရေးစင်တာများဖြင့် ကိုဗစ်ပိုးတွေ့လူနာများကို ဆေးကုသမှုပေးခဲ့သဖြင့် လက်ရှိအချိန်တွင် ရောဂါပိုးကူးစက်မှု လျော့နည်း လာခဲ့ပြီဖြစ်သည်။
တနင်္သာရီမြို့တွင်(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်းလှူဒါန်း၍ ဂုဏ်ပြုအမှတ်တရလက်ဆောင်ပေးအပ်
Oct 01,2021
၂၀၂၁ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်သည့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်မှ ဦးစီးသော တပ်ဖွဲ့ဝင်/မိသားစုဝင်များသည် ယနေ့နံနက် ၅ နာရီက မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မြို့ဦးပရိယတ္တိစာသင်တိုက်ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တဇောတိကနှင့် သံဃာတော်(၂၈)ပါးတို့အား အာရုဏ်ဆွမ်းဆက်ကပ်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းဖြင့် ကောင်းမှုကုသိုလ်ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။
ဂွမြို့၌အသက်(၄၅) နှစ်နှင့်အထက် ပြည်သူများနှင့်မသန်စွမ်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး လျက်ရှိ
Oct 01,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင ၊ ဂွမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကိုအစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိ​ပြီး ပြည်သူများကာကွယ်ဆေးထိုးနှံနိုင်စေရေးဆောင်ရွက် ပေးလျှက်ရှိရာဂွ မြို့နယ်တွင် အသက်( ၄၅) နှစ်နှင့်အထက်ပြည်သူများနှင့်မသန်စွမ်းသူများ၊သတ်မှတ်ဦးတည်အုပ်စု အလိုက်ကာကွယ်ဆေးထိုးနှံရမည့်ပြည်သူအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကို ဆေးထိုးစုရပ်(၃)ခုတွင်ယနေ့ နံနက် ၉ နာရီခွဲအချိန်မှစ၍ဆက်လက်ထိုးနှံပေးလျက်ရှိသည်။