သတင်းများ

ပခုက္ကူမြို့နယ်တွင် အသက်(၂)လမှ (၁၈)လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Oct 01,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ အသက်(၂)လမှ (၁၈)လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန် က ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေးဌာနခွဲ(၁)နှင့်(၂) တို့တွင် စတင်ပြုလုပ် ဆောင်ရွက်ကြသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Oct 01,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ (၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာ များတွင် စက်တင်ဘာ (၂၀)ရက်နေ့မှစ၍ နေ့စဉ် နံနက် ၉နာရီမှ ၁၁နာရီအချိန်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
မြို့သစ်မြို့ ၊ ကွက်သစ်ရပ်ကွက် ရွှေအင်ကြင်းလမ်းကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Oct 01,2021
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့ ၊ ကွက်သစ်ရပ်ကွက် ရွှေအင်ကြင်းလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းကို  သြဂုတ်လ ပထမအပတ်က  စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးရုံးမှ သိရသည်။
စစ်ကိုင်းမြို့နယ်တွင် သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြသ
Oct 01,2021
စစ်ကိုင်းမြို့နယ်တွင် Super Bokashi အမြန်သုံး သဘာဝမြေဩဇာ၊ သဘာဝမြေဆွေး ပြုလုပ် သုံးစွဲနည်း လက်တွေ့ကွင်းသရုပ်ပြပွဲကို ယမန်နေ့၊ နေ့ပိုင်းက အုန်းတောနည်းပညာပြန့်ပွားရေးသင်တာ နယ်မြေအတွင်း ကုန်းရွာကျေးရွာကွင်းအမှတ်(၈၃၂/ ၁၇၂၈) တောင်သူဦးဇော်လင်း၏ စိုက်ခင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ အပြည်ပြည်ဆိုင်ရာဘိုးဘွားများနေ့အထိမ်းအမှတ် လှူဒါန်းမှုများပြုလုပ်
Oct 01,2021
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင်အပြည်ပြည်ဆိုင်ရာဘိုးဘွားများနေ့အထိမ်းအမှတ်အဖြစ်လှူဒါန်းမှုများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက်(၁၁)နာရီက"ဒေါ်ပိုက်မိ" ဘိုးဘွားရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်ထုမြို့တွင် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်လျက်ရှိ
Oct 01,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့ ရန်ကင်းတောင်စေတီတော် ဘုရားကုန်းမြေတွင် အောက်ဆီဂျင်စက်ရုံကို စေတနာရှင်များ၏အားဖြင့် ဆောက်လုပ်လျက်ရှိရာ လုပ်ငန်းပမာဏ၏ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း စက်ရုံဆောက်လုပ်ရေးကော်မတီမှ သိရသည်။
ဂွမြို့ရှိလူမှုရေး အသင်းအဖွဲ့များအား ကိုဗစ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်
Oct 01,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ရှိလူမှုကူညီရေးအသင်းအဖွဲ့များအား ကိုဗစ်ကာကွယ်ရေးအထောက်အကူပြုပစ္စည်း များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေလယ် ၁၁နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက်(၁၂)နှစ်အထက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေး ဆောင်ရွက်
Oct 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။