သတင်းများ

နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ ၁.၁ပေ ဆက်လက်ရေကျော်ကျ လျက်ရှိ
Oct 15,2021
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုတိုးလာသဖြင့် ယနေ့နံနက် (၆)နာရီအချိန် တိုင်းထွာချက်အရ ရေပိုလွဲမှ ၁.၁ ပေ ဆက်လက်ရေကျော်ကျလျက် ရှိကြောင်း အဆိုပါနတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
တံတားဦးမြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား ၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း
Oct 15,2021
တံတားဦးမြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးထံ တွေ့ဆုံ မေးမြန်း ခဲ့ပါတယ် -
မင်းလှမြိုနယ်တွင် အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမနေ့ ဆက်လက်ထိုးနှံပေး
Oct 15,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆေး သတ္တမနေ့ဆက်လက်ထိုးနှံပေးခြင်းကို‌ ယနေ့နံနက် ၉ နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အမာမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေး
Oct 15,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်၊ အမာမြို့၊ အထကကျောင်း၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများကို ယနေ့ နံနက် ၉နာရီခွဲက စတင်ကာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးနေကြောင်း သိရသည်။
တာမွေမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ
Oct 15,2021
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး ၂၀၂၁-ခုနှစ် အောက်တိုဘာလအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံ ပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ထိုးနှံပေးသွားမည်ဖြစ်ရာ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကျောင်းသား/သူများ၊ ဆရာ/ဆရာမ များနှင့် မိဘအုပ်ထိန်းသူများအပြင် ပြည်သူလူထု တစ်ရပ်လုံးက ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင်လာကြစေရန်အတွက် ယနေ့ နံနက်ပိုင်းအချိန် က တာမွေမြို့နယ် ပညာရေးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးမည့် တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှေ့ တို့တွင်လည်းကောင်း၊ မြို့နယ်အတွင်းရှိ လူအသွား အလာများသည့် နေရာများနှင့် လမ်းဆုံလမ်းခွတို့တွင်လည်းကောင်း အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကား
Oct 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး နောက်ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ရပါသည်-
မြစ်သားမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ (Talk Show)ကျင်းပ
Oct 15,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်းသိရသည်။