မင်းလှမြို့နယ်၌ Quarantine Centre များတွင် ကူညီဆောင်ရွက်ပေးသည့်ပရဟိတအဖွဲ့များအတွက် စက်သုံးဆီစရိတ်နှင့် Volunteer များအတွက် Lunch Box စားသောက်စရိတ်များ၊ ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်

အထက်မင်းလှ    အောက်တိုဘာ  

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ Quarantine  Centre များတွင်ကူညီဆောင်ရွက်ပေးသည့် ပရဟိတအဖွဲ့များ အတွက်စက်သုံးဆီစရိတ်နှင့် Volunteer များအတွက် Lunch Box စားသောက်စရိတ်များ၊ ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်းရှိ Quarantine Centre များတွင်    ကူညီဆောင်ရွက်ပေးသည့် ပရဟိတအဖွဲ့များအတွက်          စက်သုံးဆီစရိတ်နှင့် Volunteer များအတွက် Lunch Box စားသောက် စရိတ်များအား  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစန်းအောင်က ပရဟိတအဖွဲ့များအတွက် စက်သုံးဆီစရိတ်နှင့် Volunteer များအတွက် Lunch  Box စားသောက်စရိတ်များ ထောက်ပံ့ပေး ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ထောက်ပံ့ပေးအပ်ပွဲကျင်းပရာ  မင်းလှမြို့နယ်အတွင်းရှိ Quarantine Centre များတွင် ကူညီဆောင်ရွက်ခဲ့သည့် ပရဟိတအဖွဲ့ ၁၂ ဖွဲ့အတွက် စက်သုံးဆီးအသုံးစရိတ်ငွေကျပ် ၂၉၄၀၀၀၀ နှင့် Volunteer ၄၃ ဦးအတွက် Lunch Box စားသောက်စရိတ်ငွေကျပ် ၅၁၆၀၀၀၀ တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကပေး အပ်ခဲ့သည်။

ဆက်လက်၍မင်းလှမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ငယ်ငယ်အောင် နှင့်အဖွဲ့ဝင်များက ပရဟိတအဖွဲ့များနှင့် Volunteer များအတွက် ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ နှာခေါင်းစည်း Maskများ၊ လက်အိတ်များ၊ ခေါင်းစွတ်များနှင့် Hand Gel များအားထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)