သံဖြူဇရပ် အောက်တိုဘာ ၂
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက် ( ၅၅ ) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာလ(၂) ရက်နေ့ နံနက် (၉)နာရီမှစတင်ကာ စုရပ် ( ၇ ) နေရာ ဖြစ်သော မြို့သစ်အ.ထ.က ( ၁ ) ၊ ကျိုက္ခမီ (ကဇာတ်ရုံ) ၊ ကျုံကဒါတ် (အ.ထ.က)၊ အနင်းတိုက်နယ် ဆေးရုံ ၊ ထင်းရှူးတိုက်နယ်ဆေးရုံ၊ ဝဲခမိတိုက်နယ်ဆေးရုံနှင့် ကရုပ္ပိတိုက်နယ်ဆေးရုံတို့၌ထိုးနှံပေး လျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်အတွက် တရုတ်နိုင်ငံထုတ် Sinopham အမျိုးအစား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ(၇၀၀၀)၊ ပြည်သူ(၃၅၀၀၀)ခန့်ကို ထိုးနှံရန်လျာထားကြောင်း၊ ကာကွယ်ဆေး ကို အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများ ၊ရဟန်းသံဃာတော်များ ၊ သီလရှင်များ ၊ ပုဂ္ဂလိကဝန်ထမ်းများ ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်းများအား ထိုးနှံပေးလျက် ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ က ကာကွယ်ဆေးထိုးနှံပေးကြပြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေး လာရောက် ထိုးနှံသူများ ကို ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေး ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက် )