ရသေ့တောင် အောက်တိုဘာ ၂
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ လူမှုဝန်ထမ်းဉီးစီးဌာနမှ အသက်(၈၅) နှစ်နှင့် အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့် ရှိသည် သက်ကြီးအဘိုးအဘွားများ အား ယမန်နေ့ နံနက်ပိုင်းက လူမှုရေးပင်စင်များ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့လူမှုရေးပင်စင်များ ထောက်ပံပေးအပ်ရာတွင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် တတိယ သုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် အဘိုးအဘွားတစ်ဉီးလျှင် ငွေကျပ် (၃၀၀၀ဝိ/-) နှုန်းဖြင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၄)အုပ်စု မှ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်အကျိုးခံစားခွင့်ရှိသည့် အဘိုး အဘွား(၆၉၁) ဦးတို့အတွက် ငွေကျပ်(၂၀၇၃ဝဝဝဝိ/-) အား ထောက်ပံပေး အပ်ခဲ့သည်။
အဆိုပါ လူမှုရေးပင်စင်များအား မြို့ပေါ်ရပ်ကွက်များရှိ လူမှုရေးပင်စင် အကျိုးခံစား ခွင့်ရှိသည့် အဘိုးအဘွားများထံသို့ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်း မောင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ အိမ်တိုင်ရာ ရောက် ထောက်ပံပေးအပ်ခဲ့ပြီး မြို့နယ်အတွင်း ကျေးရွာများရှိ အဘိုးအဘွားများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ တစ်ဆင့်လွှဲပြောင်းထောက်ပံ့ပေး အပ်လျက် ရှိကြောင်း သိရသည်။
အောင်စံထွန်း