သတင်းများ

ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၆)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Oct 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၆)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်က မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ထံမှ သိရသည်။
အောင်လံမြို့နယ်၌ အလယ်တန်းနှင့် အထက်တန်းကျောင်းများအလိုက် အသက်(၁၂)နှစ် ပြည့်သူ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံနိုင်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Oct 03,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ အလယ်တန်းနှင့် အထက်တန်း ကျောင်းများအလိုက် အသက်(၁၂)နှစ်ပြည့်သူ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံနိုင်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ကုန်ကျစရိတ်သက်သာသော ဘုရားပန်းများ စိုက်ပျိုးကာ စားဝတ်နေရေး အတွက် အဆင်ပြေလျက်ရှိသော်လည်း မိုးများသည့်အတွက် စိုးရိမ်နေရ
Oct 03,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မကွေးခရိုင်၊ မြို့သစ်မြို့နယ်ဆင်ဖြူချီအုပ်စု ထန်းရင်ကျေးရွာ၊ မကြီးကုန်းလေးကျေးရွာများရှိ တောင်သူများအနေအနေဖြင့် မိသားစုစားဝတ်နေရေးအတွက် အဓိက စိုက်ပျိုးလျက်ရှိသော ဘုရားပန်းဖြစ်သည့် ရေမွှေးပန်းစိုက်ခင်းကို နွေ၊ မိုး ၊ ဆောင်း ရာသီအချိန်များတွင် နားရက်မရှိ မြေဆီမြေသြဇာပတ်ဖြန်းကာ စိုက်ပျိုးလျက်ရှိသည်။
ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask တပ်ဆင်ခြင်း မရှိသူများအား ယခုဝယ်ယခုတပ်စနစ်ဖြင့်ဆောင်ရွက်
Oct 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် Mask နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မီးပွိုင့်လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြသည်။
ရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေး နှိုးဆော်
Oct 03,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းအောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး ပြည်သူများဆောင်ရွက်ရမည့် စည်းကမ်းချက်များအား မြန်မာဘာသာ၊ ရခိုင်ဘာသာဖြင့် ၂မျိုးဖြင့် အသိပေးနှိုးဆော်
Oct 03,2021
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက် များအား မြန်မာဘာသာနှင့် ရခိုင်ဘာသာ ၂မျိုးကို Hand Speaker ဖြင့်လှည့်လည် အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊  မီးသတ်ဦးစီးဌာန နှင့် စည်ပင်သာယာ​ရေးအဖွဲ့တို့ ပူး​ပေါင်း၍ အမှတ်(၃)ရပ်ကွက်ဈေးများ နှင့် လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပေါင်မြို့နယ်တွင် တတိယအသုတ်အဖြစ် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးလျက်ရှိ
Oct 03,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများကို ယနေ့နံနက် ၉ နာရီက တတိယ အသုတ်အနေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) စုရပ် (၇)နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။