မအီ အောက်တိုဘာ ၂
ရခိုင်ပြည်နယ် မအီမြို့ ပြည်သူ့ဆေးရုံသို့ ရခိုင်သဟာယအသင်း(ရန်ကုန်)မှ အောက်ဆီဂျင်(40 Liter)အိုး တစ်လုံးနှင့် ဆက်စပ် ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရခိုင်သဟာယအသင်း(ရန်ကုန်)မှ ပေးပို့လှူဒါန်းသော Medical grade ( 40 liter) Oxygen Cylinder တစ်လုံး၊ Oxygen face mask (၅)ခု၊ Regulator 1 set တို့ကို ယနေ့ နံနက်ပိုင်းက မအီမြို့၊ ပြည်သူ့ဆေးရုံမှ မအီတိုက် နယ် ဆရာဝန် ဒေါက်တာမင်းနိုင်ကျော် နှင့် ကျန်းမာရေးဝန်ထမ်းများမှ လက်ခံရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ Oxygen Cylinder အိုးများ အဆင်ပြေလွယ်ကူစေရေးအတွက် မအီမြို့နှင့် နီးစပ်ရာမြို့များဖြစ်သော တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ မြို့များမှတစ်ဆင့် သွားရောက်ပြီး သယ်ယူဆောင်ရွက်နေရကြောင်း သိရသည်။
သိန်းထွန်းအောင်