ကျွန်းလှမြို့နယ်၌ မိုးရာသီ သီးနှံမျိုးစုံ လျာထားချက် ဧကထက်ကျော်လွန် စိုက်ပျိုး

ကျွန်းလှ အောက်တိုဘာ ၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး ယခုနှစ် မိုးရာသီ သီးနှံမျိုးစုံ ၇၄၇၄၆ ဧက စိုက်ပျိုးရန် လျာထားသော်လည်း ၇၇၉၂၆ ဧက လျာထားချက်ကျော်လွန်အောင် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ကျွန်းလှမြို့နယ် အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက် ဖြစ်ကြောင်း၊ ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း၊ ၂၀၂၁ ခုနှစ်တွင် မိုးစပါး ၃၄၈၉၉ ဧက၊ ပဲမျိုးစုံ ၁၇၂၉၅ ဧက၊ ကြံသီးနှံ ၇၃ ဧက၊ ဆီထွက်သီးနှံ ၇၂၁၃ ဧက၊ ဝါသီးနှံ ၁၃ ဧက၊ အခြားသီးနှံ ၁၆၈၈၄ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက၊ စုစုပေါင်း ၇၇၉၂၆ ဧက စိုက်ပျိုးနိုင်ကြောင်း သိရသည်။

 

 မိုးသီးနှံ စိုက်ခင်းများ အထွက်နှုန်းကောင်းပြီး အောင်မြင်ဖြစ်ထွန်းရန် အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက မျိုးကွဲနုတ်ပယ်ခြင်း၊ သမန်းနိုးခြင်း၊ ဓာတ်မြေဩဇာ အချိုးကျသုံးစွဲခြင်း၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ စိုက်ပျိုးရေး ဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ