တောင်တွင်းကြီးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ (၂၈၃၁၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယနေ့ ဆက်လက်ထိုးနှံပေး

တောင်တွင်းကြီး အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ပထမအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် ယနေ့နံနက် ()နာရီမှ စတင်၍ ဆေးထိုးစုရပ် ()နေရာ၌ ဒုတိယနေ့ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအတွက် တောင်တွင်းကြီးမြို့နယ်တွင် စုရပ်()နေရာ သတ်မှတ်ကာ အသက်(၅၅)နှစ်နှင့်အထက် မသန်စွမ်းသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးအစရှိသည့် နာတာရှည်ရောဂါအခံရှိများ၊ ဆရာတော်သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများကို ဦးစားပေးသတ်မှတ်ချက် အဆင့်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ကျန်းမာရေးအခြေအနေပေါ်မူတည်၍ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး ပထမအသုတ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ (၂၈၃၁၀)ဦး ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ဝင်း