တောင်တွင်းကြီးမြို့နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့်ဆေးဖျန်းခြင်း တောင်သူပညာပေး သရုပ်ပြပွဲကျင်းပ

တောင်တွင်းကြီး အောက်တိုဘာ ၁၅

 

မကွေးတိုင်းဒေသကြီး‌‌  ‌တောင်တွင်းကြီးမြို့ နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း ပညာပေးသရုပ်ပြပွဲကို ယနေ့နံနက်()နာရီက ခင်တဲကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ တောင်သူ ဦးအေးလွင်ပိုင်ဆိုင်သော ယာမြေကွက်()ဧကအတွင်းစိုက်ပျိုးထားသည့် ဝါသီးနှံစိုက်ခင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆေးဖျန်းစက်ဖြင့်ပညာပေးသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စက်မူလယ်ယာ ဦးစီးဌာနအမှတ် (၇၁) စက်မူလယ်ယာစခန်းဦးစီးအရာရှိ ဦးအောင်မိုးသူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီး အရာရှိ ဒေါ်ခင်မျိုးအေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးခဲ့သည်။ ၎င်းစက်မှာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ Self Propelled Boom Sprayer ဆေးဖြန်းကိရိယာဖြင့် ဆေးရည်ဝင်ဆန့်သည့်ပမာဏ (၃၀၀) လီတာ၊ ဆေးဖျန်းနိုင်သည့်အကျယ်(20 m) ထိဖျန်းပက်နိုင်ကြောင်း၊ ယင်းစက်ဖြင့် ခင်တဲကျေး ရွာအုပ်စု ကွင်းအမှတ်(၂၇၄၉) မြေချိန်ဧရိယာ () ဧကရှိ တောင်သူဦးအေးလွင်ပိုင်ဆိုင်သော ယာမြေကွက်အတွင်းစိုက်ပျိုးထားသော ရွှေ တောင်()အမျိုးအစားဝါသီးနှံစိုက်ခင်းအား ဆေးဖျန်းစက်ဖြင့်တောင်သူပညာပေးဆောင် ရွက်ခဲ့သည်။

 

ထိုဆေးဖျန်းစက်သည် ဘီးဗျက်ကျဉ်းမြောင်းသဖြင့် အပင်တန်းကြားများအတွင်း ထိခိုက်မှုမရှိလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း၊ ဆေးဖျန်းအကျယ်(20m)အထိပက်ဖျန်းနိုင်သဖြင့် အချိန် ကုန်သက်သာခြင်း၊ ဆေးဖျန်းသည့် ဖိအားကို အားအနည်းအများလိုသလိုချိန်ညှိဖျန်းနိုင်ခြင်း၊ ဆေးအလေအလွင့်နည်းပါးခြင်း၊ လူလုပ်အား သက်သာခြင်း၊ ကုန်ကျစရိတ်နည်းပါးခြင်းတို့ကြောင့် နည်းပညာသစ်စက်ကရိယာများအသုံး ပြုလိုပါက နီးစပ်ရာ စက်မှု လယ်ယာစခန်းများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနဦးစီးအရာရှိ ဦးအောင်မိုးသူထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)