မက်မန်းမြို့နယ် အခြေခံပညာကျောင်းများရှိအသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ဆောက်ရွက်ထားရှိမှု အခြေအနေများအား ပညာရေးမှူး‌ ဒေါ်သန်းထွေးခင်နှင့် တွေ့ဆုံမြေးမြန်းခြင်း

မေး။   ။ မကြာခင်ခြေခံပညာကျောင်းများလည်း ပြန်လည်ဖွင့်လှစ်တော့မယ်လို့သိရတဲ့အတွက် ဆရာမကြီး အနေနဲ့ ဆောက်ရွက်ထားမှု အခြေအနေကိုလည်း ပြောပြပေးပါအုံးရှင့်။

ဖြေ။    ။ ကျောင်းဝန်းကျင်သန့်ရှင့်းရေးနှင့် ကျောင်းဉပဓိရုပ် ကောင်းမွန်ရေးတို့ ဆောက်ရွက် ထားကြရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အစဉ်အလာများပြင်ဆင်ထားရှိကြရန် ကျောင်းများကို အသိပေး နှိုးဆော်ထားပြီးဖြစ်ပါတယ်။

မေး။   ။ ဒီအခြေခံကျောင်းများမှာရှိတဲ့ ဆရာ/မတွေကရော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေထိုးနှံ ပြီးသွား ပြီလားရှင့်။

ဖြေ။    ။ အားလုံးထိုးနှံပြီးသွားပြီဖြစ်ပါတယ်။

မေး။   ။ အခုလိုကျောင်းသား/ သူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရန်မှာ ပူးပေါင်းဆောင်ရွက်မယ့်ဌာနတွေကို သိပါရစေရှင့်။

ဖြေ။    ။ အုပ်ချုပ်ရေးဌာနနဲ့ကျန်းမာရေးဌာနများက အဓိကပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်...

မေး။   ။ လက်ရှိမက်မန်းမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/သူဦးရေကိုလည်း သိပါရစေရှင့်။

ဖြေ။    ။ ပြီးခဲ့တဲ့ ဇွန်၊ဇူလိူင် ကျောင်းတက်ဦးရေအရဆိုရင် အသက်(၁၂) နှစ်အထက် ကျောင်းသား/သူဦးရေ (၅၉၁)ဦးရှိပါတယ်။

မေး။   ။ ကျောင်းသားလူငယ်များကို ကိုဗစ်-၁၉ ရောဂါ ဆေးထိုးနှံပေးမယ့်အပေါ် ဆရမကြီးရဲ့ ပီတိစကားလေးလည်း ပြောပြပေးပါအုံးရှင့်။

ဖြေ။    ။ ကျောင်းသားကျောင်းသူတွေဆိုတာ အနာဂါတ်ရဲ့ကြယ်ပွင့်တွေဖြစ်ပါတယ် ကာကွယ်ဆေး ထိုးပေးကာ ရောဂါ ကာကွယ်ခြင်းဖြင့် ကျောင်းတွေကိုလည်း မကြာမီ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်ပညာရေးခရီးလမ်း ပြန်လည် ဖြောင့်တန်းတော့မှာဖြစ်လို့ အတိုင်းမသိ ဝမ်းသာမိ ပါတယ်ရှင့်။

မေး။   ။ နိုင်ငံတော်အစိုးရ အစီအစဉ်နဲ့ အသက် (၁၂)နှစ် အထက်ကျောင်းသား/သူများ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစထားတယ်လို့ သိရတဲ့အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ပြောပြပေး ပါအုံးရှင့်။

ဖြေ။    ။ အသက် (၁၂) နှစ်အထက် ကျောင်းသား/သူများစာရင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တောင်းခံသော ဇယားအတိုင်း အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှစာရင်းပြုစုပေးပို့ကြရန်တောင်းခံထားပါတယ်၊ ယင်းစာရင်းများရှိလျှင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ Excel File ဖိုင်တွင် စာရင်းဖြည့်သွင်းနိုင်ရန် အထက်တန်း အဆင့် ကျောင်းသား/သူနှင့် အလယ်တန်းဆင့် ကျောင်းသား/သူအဆင့်ခွဲခြားခြင်း၊ ဆေးထိုးရက် အလိုက် စာရင်းဖြည့်သွင်းခြင်းတို့ ဆောင်ရွက်ရန် စာရင်းများ စုစည်းစိစစ်နေပါတယ်။

မေး။   ။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနံမည့်စုရပ်တွေနဲ့ ကျောင်းသားကျောင်းသူတွေကို ဒီကာကွယ်ဆေး   ထိုးနှံပေးဖို့ ဘယ်လိုအသိပေးဆောင်ရွက်ထားပါသလဲရှင့်။

ဖြေ။    ။ ကျောင်းအသီးသီးရှိကျောင်းအုပ်ကြီးများနှင့် ရပ်ကွက်/‌ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ  တစ်ဆင့် အသိပေး ဆက်သွယ် အကြောင်းထားပါတယ်။

မေး။   ။ ကိုဗစ်-၁၉  ရောဂါကွယ်ဆေးထိုးနှံမည့်ကျောင်း နေရာစုရပ်ကိုလည်း သိပါရစေရှင့်။

ဖြေ။    ။ ကိုဗစ်ဆေးထိုးမည့် စုရပ်နေရာတေကတော့ (၇) နေရာဖြစ်ပါတယ်။ (၁) အထက မက်မန်း၊ (၂) အထကခွဲ ရောင်အူကြီး၊ (၃) အလက ဆွတ်ဝိုး၊ (၄)အလကခွဲ ငှက်ယောင်း၊ (၅) အလကခွဲ ရောင်အူဝ၊ (၆) အလက ဝမ်စလောင်း၊ (၇) မူလွန် မန်ဝိန်း တို့ဖြစ်ပါတယ်။

မေး။   ။ ဆရာမကြီးအနေနဲ့ နောက်ထပ်ဖြည့်စွက်ပြောကြားချင်တာများရှိရင်လည်း ပြောပြပေးပါ အုံးရှင့်။

ဖြေ။    ။ လောလောဆယ်တော့ ဦးစားပေးအုပ်စုအတိုင်း ကာကွယ်ဆေးထိုးပေးမှာမို့လို့ ဆရာ/မများ၊ ကျောင်းသား/သူများအနေနဲ့ မပျက်မကွက်ထိုးနှံကြဖို့ ဖြစ်ပါတယ်။ မိမိကျင်လည်ရာ ကျောင်း/ ရုံးဝန်းကျင်မှာ မိမိနေထိုင်ရာ ရပ်ရွာလူမှုဝန်းကျင်မှာ မိမိကြောင့်ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန် အားလုံးမှာတာဝန်ရှိပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးရင်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လိုက်နာရမည့် အခြေခံအချက်တွေကို ဆက်လက်လိုက်နာကျင့်သုံး နေထိုင်ကြ ရမှာပဲဖြစ်ပါတယ်။ တစ်ဦး တစ်ယောက်ချင်းက မိမိကိုယ်ကို ကျန်းမာ‌ရေးစောင့်ရှောက်တာဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်နောင်မှာ တစ်နိုင်ငံလုံးလွှမ်းခြုံပြီး ကာကွယ်ဆေးထိုးနှံရေးအတွက် မှန်ကန်သောအသိဖြင့် လူတိုင်း ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ကြဖို့လိုကြောင်း ပြောကြားလိုပါတယ်။

 

မေးမြန်းသူ-ဒေါ်ကြည်ဆန်း(ဦးစီးအရာရှိ)

ဖြေဆိုသူ-ဒေါ်သန်းထွေးခင်(မြို့နယ်ပညာရေးမှူး)