ခင်ဦးမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် Sticker Campaign ဆောင်ရွက်
Oct 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ဆောင်ရွက်နေမှုကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ယနေ့တွင် ခရီးသွားမော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ လမ်းသွား၊ လမ်းလာပြည်သူများကို အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် Sticker Campaign များ ဆောင်ရွက်ခဲ့သည်။