ဗန်းမော်မြို့၌ ပြန်/ဆက်ဝန်ထမ်းများက "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

ဗန်းမော် အောက်တိုဘာ ၁၅ 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွှဲ ၂ နာရီခန့်က  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ သည်။

စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အကြီးတန်းစာရေး ဦးအောင်မင်းဦးက ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်းအကြောင်းကို လည်းကောင်း၊ ရုံးအကူ ဒေါ်ကြူကြူဝင်းက နိုင်ငံ့ဝန်ထမ်းများ ထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များကို လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ အခြားဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ခရိုင်ဦးစီးမှူးက လိုအပ်သည် များကို ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။