ပင်လောင်းမြို့နယ်တွင် ယနေ့ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် ၃၀ဦးရှိပြီး၊ ကျန်းမာရေး ကောင်းမွန်၍ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၃၁၈ ဦးရှိလာပြီဖြစ်

ပင်လောင်း   အောက်တိုဘာ   ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ယနေ့ စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် (၃၀) ဦးတွေ့ရှိ ကြောင်းသိရသည်။

ယနေ့ ပိုးတွေ့လူနာသစ်များမှာ RDT Test kit ဖြင့်စစ်ဆေးမှုတွင် ၃၀ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည်ပင်လောင်းမြို့နယ်အတွင်း၌ ၂၀၂၁ခုနှစ်ဇွန်လ ၃၀ ရက်နေ့မှ စတင် ကူးစက်ပျံ့ပွားလာပြီး ယနေ့အထိ ပိုးတွေ့လူနာပေါင်း ၁၄၈၈ ဦး ရှိပြီး မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံလေးရုံတို့တွင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုကုသရေးစင်တာများ သီးသန့်ဖွင့်လှစ်၍ကျန်းမာရေးစောင့်ရှောက်ကုသမှုများပေးခဲ့ရာကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၁၃၁၈ ဦးရှိသွားပြီဖြစ်ကြောင်း၊  သေဆုံးလူနာ ၁၆ ဦးရှိပြီး၊ဆေးရုံတက်ရောက်ကုသဆဲ လူနာ ၁၅၃ ဦးသာ ကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ထွန်းလင်း(ပင်လောင်း)