မာန်အောင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအားတတိယအသုတ် (ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုနှံပြီးသူ(၇၀၀၀)ဦးရှိ

မာန်အောင် အောက်တိုဘာ ၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်အသက်(၁၈)နှစ် အထက်ပြည်သူများအားတတိယ အသုတ်(ပထမအကြိမ်)ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)ကို စက်တင်ဘာလ၂၄ရက်မှ စတင်ပြီး ကျေးလက်ကျန်းမာရေးဌာများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ဆိုင်ရာညွှန်ကြား ချက်များနှင့်အညီ ထိုးနှံပေးခဲ့ရာအောက်တိုဘာလ၂ရက်နေ့တွင် ထိုးနှံပြီးစီးခဲ့ပြီး ကာကွယ် ဆေးထိုးနှံပြီးသူပေါင်း(၇၀၀၀)ဦးရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးများကို ပထမအသုတ်တွင် အသက်(၆၅) နှစ်အထက်နှင့် ဦးတည်အုပ်စုများကို ထိုးနှံပေးခဲ့ရာ (ဒုတိယအကြိမ်) ထိုးနှံပြီးသူ(၁၉၉၈)ဦး၊ ဒုတိယအသုတ်တွင် အသက်(၅၅)နှစ်အထက် ဦးတည်အုပ်စုများကိုထိုးနှံပေးခဲ့ရာ (ပထမ အကြိမ်)ထိုးနှံပြီးသူ(၃၉၂၀)ဦးနှင့်တတိယအသုတ်တွင် အသက်(၁၈)နှစ်အထက်ကိုဗစ်-၁၉ ကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပြီးသူ(၇၀၀၀)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီး ဌာနစာရင်းအရသိရသည်။

သိန်းဖေ(ပြန်/ဆက်)